ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဂျပန်မှာ ဒေဝါလီခံကုမ္ပဏီ ၄၀၀ ရှိ

August 4, 2020 at 10:13 AM

ငွေချေးယူမှုဆိုင်ရာသုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Teikoku Databank ရဲ့ စစ်တမ်းတစ်ခုက ဂျပန်မှာရှိတဲ့ ကုမ္ပဏီ ၄၀၀ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဂယက်ဒဏ်ကို ခံခဲ့ရတယ်ဆိုတာကို ပြသနေပါတယ်။

တနင်္လာနေ့ မနက် ၁၁ နာရီအချိန်အထိ ဂျပန်နိုင်ငံအနှံ့မှာ ဒေဝါလီခံခဲ့ရတဲ့ ဒါမှမဟုတ် လုပ်ငန်းလုပ်ဆောင်မှုတွေကို ရပ်ဆိုင်းလိုက်ရပြီး ဒေဝါလီခံရေးလုပ်ငန်းစဉ်ကိုစတင်လုပ်နေတဲ့ ကုမ္ပဏီအားလုံး အဲဒီအထဲမှာ ပါဝင်ပါတယ်။
လုပ်ငန်းအလိုက်ကြည့်ရင် အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေအပါအဝင် စားသောက်ဆိုင်လုပ်ငန်းတွေက ကုမ္ပဏီ ၅၄ ခု၊ ဟိုတယ်တွေနဲ့ ဂျပန်ရိုးရာတည်းခိုခန်းလုပ်ငန်း က ၄၈ ခု ၊ အထည်ချုပ်လုပ်ငန်းနဲ့ အစားအစာလက်ကားရောင်း လုပ်ငန်းတွေကတော့ ၂၅ ခု စီရှိပါတယ်။
ခရိုင်အလိုက်ကြည့်မယ်ဆိုရင် တိုကျိုမှာ ဒေဝါလီခံရမှုအများဆုံး ဖြစ်ပြီး လုပ်ငန်း ၉၅ ခု ရှိပါတယ်။ အဲဒီနောက် အိုစာကာခရိုင်မှာ ၄၁ ခု နဲ့ ဟော့ကိုင်းဒိုး မှာ ၂၃ ခုရှိပါတယ်။
တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က အရက်ဆိုင်တွေနဲ့ အရက်ရောင်းတဲ့စားသောက်ဆိုင်တွေကို ဆိုင်ဖွင့်ချိန်လျှော့ချဖို့ တိုက်တွန်းထားတာကြောင့် စားသောက်ဆိုင်လုပ်ငန်းတွေဟာ သေကောင်ပေါင်းလဲဖြစ်မယ့်အနေအထားကို ရင်ဆိုင်ရလိမ့်မှာကို စိုးရိမ်တယ်လို့ အဲဒီသုတေသနအဖွဲ့က ပြောပါတယ်။

SOURCE – Japan Today

Tags: