ကြေငြာဝန်ဆောင်မှုကုမ္ပဏီ Dentsu မှ ဝန်ထမ်း (၅,၀၀၀)ဦးအားနေအိမ်မှအလုပ်လုပ်ကိုင်စေခဲ့။

ဂျပန်နိုင်ငံရဲ့ အဓိကအကြီးဆုံးကြေငြာကုမ္ပဏီဖြစ်ပြီး ကမ္ဘာမှာလည်းပဥ္စမမြောက်အကြီးဆုံး ကြေငြာကုမ္ပဏီတစ်ခုဖြစ်တဲ့ Dentsu ကုမ္ပဏီဟာ ဝန်ထမ်းတစ်ဦးမှ Coronavirus ကူးစက်ခံနေရကြောင်း အတည်ပြုပြီးသည့်နောက် ဝန်ထမ်း(၅၀၀၀)ဦးအား နေအိမ်မှနေ၍အလုပ်လုပ်စေခဲ့ပါတယ်။

Tokyo မြို့ Minato ရပ်ကွက်ရှိ Dentsu ရုံးချုပ်တွင် အလုပ်လုပ်ကိုင်နေသော အသက်(၅၀)အရွယ်ရှိ အမျိုးသားတစ်ဦးဟာ ရောဂါကူးစက်ခံနေရကြောင်း ဖေဖော်ဝါရီလ (၂၄)ရက် တနင်္လာနေ့တွင် အတည်ပြုခံခဲ့ရပါတယ်။

Source : NHK

ကုမ္ပဏီမှ ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် မြို့နယ်ကျန်းမာရေးဌာန၏ညွှန်ကြားချက်များနှင့်အညီ ထိုကူးစက်ခံရသူ၏အလုပ်လုပ်ကိုင်ခဲ့သော နေရာများကို ပိုးသတ်သန့်ရှင်းခဲ့ပါတယ်။ ထို့အပြင် ရောဂါကူးစက်ခံရတဲ့ဝန်ထမ်းနှင့်ထိတွေ့ဆက်ဆံခဲ့တဲ့ အခြားဝန်ထမ်း(၄)ဦးကိုလည်း ဖေဖော်ဝါရီလ(၂၅)ရက် အင်္ဂါနေ့မှစ၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ သီးသန့် အလုပ်လုပ်ကိုင်စေခဲ့ပါတယ်။
Dentsuကုမ္ပဏီမှ ရုံးချုပ်တွင် အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်း(၅,၀၀၀)ဦးကိုလည်း နေအိမ်မှနေ၍ အလုပ်လုပ်ကိုင်စေရန် ဖေဖော်ဝါရီလ(၂၆)ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်