Kanagawa ခရိုင်ရှိကျောင်းသူတစ်ဦးမှ မိမိကိုယ်ကိုအဆုံးစီရင်မှုအား ဖုန်းဖြင့် Videoရိုက်ကူးကာ Social Media တွင် ဖြန့်ဝေခဲ့ဟု ရဲများကယူဆ
ဖေဖော်ဝါရီလ (၁၈)ရက် အင်္ဂါနေ့မနက်တွင် အထက်တန်းကျောင်းသူတစ်ဦးဟာ ရထားပေါ်မှခုန်ချကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ပြီး ထိုသေကြောင်းကြံစည်မှုကို ဖုန်းဖြင့် live လွှင့်ကာ Social media တွင်ပြသခဲ့သည်ဟု ယူဆရကြောင်း Kanagawa ခရိုင်ရှိ ရဲဌာနမှ ပြောကြားခဲ့ပါတယ်။
ဖြစ်ပွားပုံမှာ ယနေ့မနက် ၆:၅၀အချိန်တွင် အသက်(၁၇)နှစ်အရွယ်ထိုအထက်တန်းကျောင်းသူဟာ Yokohamaမြို့ Seya ရပ်ကွက်ရှိ Seya ဘူတာသို့ Sagami Main Line မှရထားဖြတ်သန်းလာချိန်တွင်ထိုရထားလမ်းကြောင်းပေါ်သို့ ခုန်ချခဲ့ခြင်းဖြစ်ပါတယ်။

ထိုမိန်းကလေးမှာ ဒုတိယနှစ်အထက်တန်းကျောင်းသူဖြစ်ပြီး Yokohama မြို့ Seya ရပ်ကွက်တွင်နေထိုင်သူတစ်ဦးဖြစ်ကာအမှုဖြစ်ပွားခဲ့သောနေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု Seya ရဲတပ်ဖွဲ့မှပြောကြားခဲ့ပါတယ်။
ရထားဘူတာမှ CCTV ကင်မရာမှတ်တမ်းများအရ ထိုမိန်းကလေးဟာလူသွား စင်္ကြံ platform ပေါ်မှရထားလာချိန်တွင် ရည်ရွယ်ချက်ရှိရှိဖြင့်ခုန်ချကာမိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု ရဲများက ယူဆခဲ့ပါတယ်။ ထို့အပြင် သေဆုံးသူမိန်းကလေးရဲ့ လက်ကိုင်ဖုန်းဟု ယူဆရသော ဖုန်းတစ်လုံးအား လူသွားစင်္ကြံပေါ်ရှိ ခုံတန်းလျားပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေ့တွေ့ရှိချိန်တွင် ထိုဖုန်းဟာ Video ရိုက်ကူးလျက်ရှိနေခဲ့ပါတယ်။ ထို video မှတ်တမ်းဟာ social media အသုံးပြုသူများထံသို့ ဖြန့်ဝေခဲ့ခြင်းရှိမရှိကို ရဲများကဆက်လက်စုံစမ်းလျက်ရှိပါတယ်။
ထိုအခင်း ဖြစ်ပွားခဲ့ခြင်းကြောင့် အချိန်တော်တော်ကြာ ရထားလမ်းကြောင်းများ နှောင့်နှေးမှုများလည်း ရှိခဲ့ကြောင်း ရထားလိုင်းရှိ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။