ဂျပန်ဝန်ကြီးချုပ် Abe နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ Thomas Bach တို့မှ အိုလံပစ်ပွဲတော်အား တစ်နှစ် ရွှေ့ဆိုင်းရန်သဘောတူညီခဲ့

March 31, 2020 at 3:19 PM

အိုလံပစ်ပွဲတော်ကျင်းပမှုနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် ယခုလတ်တလောကမ္ဘာတဝန်းတွင် ဖြစ်ပွါးနေသည့်ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် Tokyo အိုလံပစ်ပွဲတော်အား ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်းကို ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe မှ မတ်လ(၂၅)ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။ Tokyo Olympics နှင့် Paralympics ပြိုင်ပွဲများအား ၂၀၂၁ ခုနှစ် နွေရာသီမတိုင်မီအချိန်မှသာ ကျင်းပတော့မည်ဖြစ်ကြောင်းနှင့် Coronavirus ရောဂါကြောင့် ဖြစ်ပွါးနေသော ဖျားနာမှုများနှင့် ကူးစက်ပြန့်ပွါးမှုများ ပျောက်ကင်းသွားကြောင်း သေချာသွားမှသာလျှင် အိုလံပစ်ဂိမ်းပြိုင်ပွဲများအားလုံးကိုပြန်လည်ကျင်းပယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းကို သဘောတူညီခဲ့ကြကြောင်း Abe မှ ပြောကြားခဲ့ပါတယ်။

ထိုကဲ့သို့ အိုလံပစ်ပွဲတော်အား ရွှေ့ဆိုင်းကျင်းပရန်အကြံပြုချက်ကို မတ်လ(၂၄)ရက် အင်္ဂါနေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ Thomas Bach နှင့် Telecommunicationပစ္စည်းများအသုံးပြု၍ ကျင်းပခဲ့တဲ့အစည်းအဝေး (Teleconference) တွင် Abe မှ အကြံပြုခဲ့တာပဲ ဖြစ်ပါတယ်။ Bach မှ ထိုအကြံပြုချက်အား ကြည်ဖြူစွာ သဘောတူညီခဲ့ပြီး Olympics ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ခြင်းကလည်း ဖြေရှင်းချက်တစ်ခုဖြစ်လာမည်မဟုတ်ကြောင်းကို Bach နှင့် Abe တို့နှစ်ယောက်စလုံးကတူညီစွာ လက်ခံထားကြတာပဲ ဖြစ်ပါတယ်။ အိုလံပစ်ပွဲတော် ကျင်းပမည့်မြို့ဖြစ်တဲ့ Tokyo မြို့အုပ်ချုပ်ရေးမှုးနှင့် အိုလံပစ်ပွဲတော်ကျင်းပရေးကော်မတီ chief Yoshiro mori ကိုလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ Tokyoမြို့အုပ်ချုပ်ရေးမှုး Yuriko koike မှ ယခုကဲ့သို့ အိုလံပစ်ပွဲတော်ကို (၂၀၂၁)ခုနှစ် နွေရာသီသို့ ရွှေ့ဆိုင်းကျင်းပလိုက်ခြင်းက အရေးကြီးကြောင်း၊အထူးသဖြင့် အားကစားသမားများဟာ ထိုပြိုင်ပွဲတွေအတွက် target ထားပြီးကြိုးစားပမ်းစား လေ့ကျင့်ခဲ့ကြတာကြောင့် ထိုအားကစားသမားများအတွက် ပို၍အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

အိုလံပစ်ပွဲတော်ကျင်းပရေးကော်မတီ chief Yoshiro mori မှ (၂၀၂၁)ခုနှစ်တွင် ကျင်းပမည့် အိုလံပစ်ပွဲတော်ကို Tokyo 2020 ဟူသောအမည်ဖြင့်သာ ကျင်းပမည်ဖြစ်ကြောင်း၊ အိုလံပစ် မီးရှူးမီးတိုင်ကိုလည်း Tokyo တွင်သာာထားရှိသွားမှာဖြစ်ကြောင်းနှင့် မတ်လ (၂၆)ရက် ကြာသပတေးနေ့တွင် ကျင်းပမည့် မီးရှူးမီးတိုင်လွှဲပြောင်းမည့် အစီအစဉ်ကိုတော့ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နွေရာသီတွင် ကျင်းပသွားမည့် Olympics နှင့် Paralympics ပြိုင်ပွဲများအား ဇူလိုင်လလကုန်ပိုင်းနှင့် စက်တင်ဘာလလ အစောပိုင်းကာလအကြားတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲများအား ဆက်လက်ကျင်းပခြင်းရှိမရှိကို အချိန်လေးပတ်အတွင်း၌ဆုံးဖြတ်ချက်ချကြရန် ကြေငြာပြီးသည့်နောက်တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ပွဲတော်ကျင်းပရေးကော်မတီမှ အရေးပေါ် အစည်းအဝေး (emergency board meeting)ကို မတ်လ(၂၂)ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ထိုအစည်းအဝေးကျင်းပသည့်အချိန်မှစ၍ အိုလံပစ်ပွဲတော်ကျင်းပရေး အဖွဲ့အစည်းများအား လျင်မြန်စွာ ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ပါတယ်။