ဂျပန်နိုင်ငံတွင် Coronavirus ရောဂါကူးစက်ပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe မှကျောင်းများယာယီပိတ်မည့်အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပြောကြားခဲ့

ဂျပန်နိုင်ငံ အစိုးရမှ Coronavirus ကူးစက်ပြန့်ပွားနေမှုကြောင့် ကျောင်းများယာယီပိတ်ထားမည့်အစီအစဉ်ကို အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်းနှင့် Coronavirus ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက်လုပ်ဆောင်ရန်လိုအပ်သည့်ကိစ္စများကိုလည်း နှောင့်နှေးမှုမရှိအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abeက ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံအစိုးရမှ မူလတန်းကျောင်း၊အလယ်တန်းကျောင်း၊အထက်တန်းကျောင်းနှင့် မသန်စွမ်းကျောင်း( Special needs) အစရှိတဲ့ ဂျပန်နိုင်ငံအတွင်းရှိကျောင်းများအားလုံးကို မတ်လ(၂)ရက် တင်္နလာနေ့မှစတင်၍ ယာယီပိတ်ထားမည့်အစီအစဉ်ကို ဖေဖော်ဝါရီလ (၂၇)ရက် ကြာသပတေးနေ့တွင် ဆုံးဖြတ်ခဲ့ပါတယ်။

Source : NHK

ဝန်ကြီးချုပ် Abeမှ ယခုလိုဆုံးဖြတ်လိုက်ရသည့် ဆုံးဖြတ်ချက်ကိုလည်း နားလည်ပေးရန်နှင့် ကျောင်းများပိတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စအရပ်ရပ်များကိုလည်း အစိုးရမှ တာဝန်ယူမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ(၂၈)ရက် သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။
လာမယ့်အပတ်နှင့် နောက်လာမယ့်ဒုတိယမြောက် အပတ်တို့ဟာ ဂျပန်နိုင်ငံတွင် Coronavirus ရောဂါကို ဒီထက်ပိုမပြန့်ပွားအောင် လုပ်ဆောင်ရမယ့်အရေးကြီးသောအချိန်ဖြစ်နေသောကြောင့် ဝန်ကြီးချုပ် Abeမှ ထိုကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်၊သောကရောက်လျက် ရှိပါတယ်။

အစိုးရမှ ဂျပန်နိုင်ငံရှိလူများ၏အသက်နှင့်ကျန်းမာရေးကို ကာကွယ်နိုင်ရန် ဦးစားပေးအနေနှင့် တတ်နိုင်သလောက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ဖြစ်ပေါ်လာသည့် အခြေအနေနှင့်အညီ လိုအပ်သည့်ကိစ္စများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဒေသအသီးသီးရှိ ကျောင်းများဟာလည်း ဖြစ်ပေါ်လာသည့် အခြေအနေအပေါ်မူတည်ပြီး လိုအပ်သည်များ လုပ်ဆောင်နိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားကြကြောင်းလည်း ပညာရေးဝန်ကြီး Koichi Hahiuda မှ သတင်းထောက်များကို ဖေဖော်ဝါရီလ (၂၈)ရက် သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။ ပညာရေးဝန်ကြီးမှ အစိုးရနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များအား ကလေးငယ်ရှိသော ဝန်ထမ်းများအား ကလေးငယ်ရှိပါက ဝန်ထမ်းများ၏အခြေအနေကို စဉ်းစားပေးသောအနေဖြင့်လိုအပ်ပါက နားရက်ပေးရန်လည်း တောင်းဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်