အိုစာကာ၊ ကျိုတိုနဲ့ ဟယောဂို ခရိုင်တွေမှာ အရေးပေါ်အခြေအနေ ဂျပန် အစိုးရ ရုပ်သိမ်း

May 21, 2020 at 7:19 PM

ဂျပန်အနောက်ပိုင်း အိုစာကာ၊ကျိုတိုနဲ့ ဟယောဂို ခရိုင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာချက်ကို အစိုးရက ရုပ်သိမ်းလိုက်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Abe က တရားဝင် ကြေညာလိုက်ပါတယ်။
တိုကျို၊ ခါနာ့ဂါဝ၊ ချိဘ၊ စိုင်းတာမ နဲ့ ဟော့ကိုင်းဒိုး ခရိုင်တွေမှာတော့ အရေးပေါ်အခြေအနေ ကြေညာချက်ကို ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။
ဂျပန်အစိုးရဟာ နိုင်ငံတစ်ဝန်း အရေးပေါ်ကြေညာချက်ကို ခရိုင် ၄၇ ခု ထဲက ၃၉ ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရုပ်သိမ်းခဲ့ပြီး ဂျပန်အနောက်ပိုင်းမှ ခရိုင် ၃ ခုဟာ အရေးပေါ်ကြေညာချက် ရုပ်သိမ်းရေး စံနှုန်းတွေနဲ့ ကိုက်ညီခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။ ဒီစံနှုန်းတွေထဲမှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရမှု အသစ် အရေအတွက်ဟာ လူ ၁၀၀,၀၀၀ မှာ ဝ.၅ ယောက်နှုန်း အောက်ကို ကျဆင်းခဲ့တယ်ဆိုတဲ့ အချက်လည်း အပါအဝင်ဖြစ်ပါတယ်။
တိုကျိုရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ ချိဘနဲ့ စိုင်းတာမ ခရိုင်တွေမှာ အဲဒီ စံနှုန်းကို ပြည့်မီခဲ့ပေမဲ့ တိုကျိုမြို့နဲ့ ခါနာ့ဂါဝ ခရိုင်တွေကတော့ မပြည့်မီခဲ့ပါဘူး။
အဲဒီခရိုင်တွေပါတဲ့ မြို့တော်ဧရိယာကို တစ်စုတစ်စည်းတည်း ကြေညာချက်ရုပ်သိမ်းဖို့ အရာရှိတွေက ရည်ရွယ်ထားပါတယ်။ နိုင်ငံမြောက်ပိုင်းက ဟော့ကိုင်းဒိုးကျွန်းမှာလည်း အဲဒီ စံနှုန်းကို ပြည့်မီခြင်းမရှိခဲ့ပါဘူး။ SOURCE- Kyodo News