Cyberbulling ကိုင်တွယ်ဖို့ ရှင်ဇိုအာဘေး ပါတီ စတင်

June 9, 2020 at 7:22 PM

အွန်လိုင်းပေါ်မှာ အမည်မဖော်ဘဲ အနိုင်ကျင့်တဲ့ စကားတွေ ရေးတင် ထားတဲ့သူတွေကို ဘယ်သူဘယ်ဝါ ဆိုတာ ပိုပြီးတော့ လွယ်လွယ်ကူကူ ဖော်ထုတ် နိုင်ဖို့အတွက် ဂျပန်အာဏာရပါတီရဲ့ အဖွဲ့ဝင်တွေက လုပ်ငန်းစဉ် မူကြမ်းတွေကို ရေးဆွဲခဲ့ကြပါတယ်။
Cyberbulling လို့ခေါ်တဲ့ အင်တာနက်ပေါ်မှာ အနိုင်ကျင့်ခြင်းခံရပြီးတဲ့နောက် သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ယုံကြည်ရတဲ့ TV စတား တစ်ဦးလည်းဖြစ်၊ အမျိုးသမီး ကြေးစားနပန်းသမားလည်း ဖြစ်သူ Kimura Hana သေဆုံးပြီးတဲ့နောက်ပိုင်း ဒီလုပ်ဆောင်မှု ဖြစ်လာခဲ့တာပါ။ အင်တာနက်မှာ အမည်မဖော်ဘဲ ရေးသားသူတွေကို အလျင်အမြန် ဖော်ထုတ်နိုင်ရေးအတွက် ကိုယ်ရေး သတင်းအချက်အလက် လူသိရှင်ကြားထုတ်ပြန်ရေး တောင်းဆိုချက်ဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ရေးကို လစ်ဘရယ် ဒီမိုကရက်တစ်ပါတီလုပ်ငန်းအဖွဲ့က တိုက်တွန်း ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သတိထားလုပ်ဆောင်သင့်တယ်လို့ အဲဒီလုပ်ငန်းအဖွဲ့က မှတ်ချက်ပြု ပြောကြား ခဲ့ပါတယ်။
အဲဒီလို နှောင့်ယှက်သူတွေရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို လူသိရှင်ကြား ထုတ်ပြန်သင့်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
လူတစ်ဖက်သားကို စော်ကားတဲ့ ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်တွေကို ပိုပြီး ပြင်းပြင်းထန်ထန် ချမှတ်ဖို့နဲ့ သုံးစွဲသူတွေရဲ့ အင်တာနက် အသုံးပြုမှု မှတ်တမ်းကို ၃ လဝန်းကျင်လောက် သိမ်းထားဖို့ လက်ရှိ သတ်မှတ် ထားတာကို အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေက သက်တမ်းတိုးဖို့ကို အဲဒီအဖွဲ့က အဆိုပြုထားပါတယ်။