စီရင်စု ခုနှစ်ခုအတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာရန် ရှင်ဇိုအာဘေး ပြင်ဆင်

April 6, 2020 at 7:42 PM

COVID-19 ရောဂါ ကူးစက်မှု နှင့် ပတ်သက်ပြီး ကူးစက်ပြန့်ပွားမှု တိုးပွားလာသော တိုကျိုမြို့တော်နှင့် အခြားမြို့ပြဒေသများကို ပစ်မှတ်ထားပြီး ဧပြီလ ၇ ရက် မတိုင်ခင် အစောပိုင်းတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

တိုကျိုမြို့တော် နှင့် စီရင်စု ခြောက်ခု တို့ကို အချိန်ကာလ တစ်လ ကြာမြင့်မည့် အရေးပေါ်အခြေအနေ ကြေညာရန် စီစဉ်ထားကြောင်း ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဧပြီလ ၆ ရက်နေ့တွင် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီထိပ်ပိုင်းအရာရှိများနှင့် ပြုလုပ်ခဲ့သော အစည်းအဝေး တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အရေးပေါ်အခြေအနေ ကြေညာသွားမည့် စီရင်စု ခြောက်ခု မှာ Saitama၊ Chiba၊ Kanagawa၊ Osaka၊ Hyogo နှင့် Fukuoka တို့ဖြစ်ကြသည်။ ကိုရိုနာဗိုင်းရပ်စ် ပြန့် နှံ့မှုကို ထိန်းချုပ် ကာကွယ်သွားမည့် အစိုးရအဖွဲ့က အရေးပေါ်အခြေအနေ တရားဝင်ကြေညာချက်ထုတ်ပြန်ရန် ဧပြီလ ၆ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံခဲ့သည်။

SOURCE – THE ASAHI SHIMBUN