Chiba စီရင်စု ရှိ တိရစ္ဆာန်ရုံမှ မျောက် အကောင်ရေ ၇၀ ခန့် ထွက်ပြေးလွတ်မြောက်

June 11, 2020 at 10:06 AM

ဇွန်လ ၁၁ ရက်နေ့မှာ Chiba စီရင်စု ရှိ Takagoyama Shizen တိရစ္ဆာန်ရုံမှ မျောက်အကောင်ရေ ၇၀ ခန့် ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ လှောင်အိမ်ကို ဖောက်ပြီး မျောက်တွေက ထွက်ပြေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
မျောက်တွေ လှောင်အိမ်က နေ လွတ်လာတဲ့အချိန်မှာ တိရစ္ဆာန်ရုံက စောင့်ရှောက်ရေးဝန်ထမ်းတစ်ဦး ရဲစခန်းကို ချက်ချင်း ဖုန်းဆက်တိုင်ကြားခဲ့ပြီး လှောင်အိမ်မှာ အမြင့် ၄၀ စင်တီမီတာ ရှိပြီး အကျယ် ၃၀ စင်တီမီတာ ရှိတဲ့ အပေါက်တစ်ခုကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့စစ်ဆေးချက်အရ သိရပါတယ်။
ဒီလို ဖြစ်ရပ်မျိုး ယခင်ဖြစ်ပွားခဲ့ခြင်း မရှိသည့် အပြင် အစာဖြငင့် မျှားပြီး မျောက်များကို ပြန်လည်ဖမ်းဆီးမှုကို လုပ်ဆောင်လျက်ရှိပါတယ်။
၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင် တိုင်ဖုန်း Faxai တိုက်ခတ်ခဲ့ပြပီနောက် တိရစ္ဆာန် ရုံ အတွင်းရှိ လှောင်အိမ်များ အနည်းငယ်ထိခိုက်ခဲ့ကြောင်းသိရပါတယ်။ မျောက် တော်တော်များများကိုတော့ ပြန်လည် ဖမ်းဆီး နိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Tags: