ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး နောက်ပိုင်း ဆက်လက် သတိရှိဖို့ တိုက်တွန်း နှိုးဆော်ထား

May 17, 2020 at 6:35 PM

နိုင်ငံတစ်ဝန်းက ခရိုင် ၃၉ခုမှာ အရေးပေါ်အခြေအနေ ကြေညာ ထားတာကို ရုပ်သိမ်းခဲ့ပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တားဆီးရေးအတွက် လုပ်ဆောင်ချက်တွေကို ဆက်လက် ဆောင်ရွက် ကြဖို့ ဂျပန်အစိုးရက တိုက်တွန်း နှိုးဆော်ထားပါတယ်။

ကြာသပတေးနေ့ကစပြီး အဲဒီ ခရိုင်၃၉ခုမှာ အရေးပေါ်အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းခဲ့ပေမဲ့လည်း တိုကျိုနဲ့ အိုစာကာ အပါအဝင် တခြား ခရိုင် ၈ ခုမှာ ဆက်လက် ထားရှိဆဲဖြစ်ပါတယ်။
ဒါပေမဲ့လည်း သောကြာနေ့မှာဆိုရင် အဲဒီခရိုင် ၈ခုမှာ အဲဒီရက် မတိုင်မီ ကထက် အပြင်ထွက် သွားလာသူဦးရေ ပိုများလာတာကို တွေ့ခဲ့ရ ပါတယ်။
စီးပွားရေး ပြန်လည်အားကောင်းလာစေရေးဆိုင်ရာ ဝန်ကြီး နီရှိမူရာ ယာစုတိုရှီ (Nishimura Yasutoshi) က “လူတွေ သတိထားမှု နည်းနည်းလျော့ကျသွားပုံရတယ်၊ အဲဒီအပေါ် သူစိုးရိမ်မိတယ်” လို့ စနေနေ့က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ဂျာမနီ နိုင်ငံတွေမှာဖြစ်ခဲ့တာမျိုး ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်း ကျရောက်လာနိုင်ခြေ ရှိတယ်လို့လည်း သူက သတိပေး လိုက်ပါတယ်။
အစိုးရက လာမယ့် ကြာသပတေးနေ့မှာ ကျန်တဲ့ ခရိုင် ၈ခုမှာ အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်းဖို့ စီစဉ် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ပြန်လည် ဖြစ်ပေါ်လာနိုင်ခြေ ရှိတဲ့ ကူးစက်မှုတွေကို သတိထား စောင့်ကြည့် နေပါတယ်။
နိုင်ငံတစ်ဝန်းက ပြည်သူတွေအနေနဲ့ အထူးသဖြင့် ဘားအရက်ဆိုင် တွေ၊ ညကလပ်တွေ၊ live music နဲ့ ဂီတဖျော်ဖြေမှုလုပ်တဲ့နေရာတွေ၊ ကာရာအိုကေခန်းတွေနဲ့ အားကစားလေ့ကျင့်ရုံတွေမှာ လူတွေ နီးနီးကပ်ကပ် နေထိုင်ထိတွေ့မှုတွေကို သတိထားရှောင်ရှားကြဖို့နဲ့ တခြားလိုအပ်တဲ့ ကူးစက်မှု ကို သတိထား ကာကွယ်တဲ့ ဆောင်ရွက်မှုတွေ ဆက်လက် လုပ်ကြဖို့ ဂျပန်အစိုးရက တိုက်တွန်းသွားမယ်လို့ ရည်ရွယ်ထား ပါတယ်။ SOURCE – NHK