Tokyo၊ Osaka က ရောဂါပိုး ကူးစက်ပြန့်ပွားမှု အချက်အလက်တွေ အပေါ် ဂျပန်အစိုးရ အာရုံစိုက် စောင့်ကြည့်သွားမယ်

May 19, 2020 at 2:59 PM

ဂျပန်အစိုးရဟာ Tokyo နဲ့ Osaka က ရောဂါပိုး ကူးစက်ပြန့်ပွားမှု ဆိုင်ရာ အချက်အလက်တွေကို သေသေချာချာ ဆန်းစစ်သုံးသပ်ပြီး အရေးပေါ် အခြေအနေ ရုပ်သိမ်းဖို့ ကျန်ရှိနေတဲ့ ခရိုင် ၈ခုကို ရုပ်သိမ်းသင့် မသင့် ဆုံးဖြတ်သွားဖွယ် ရှိပါတယ်။ အစိုးရဟာ ကနဦး အရေးပေါ် အခြေအနေ ကြေညာချက်ကို ဧပြီလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ခရိုင် ၃၉ ခုအတွက် အရေးပေါ် အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
အစိုးရဟာ ကျွမ်းကျင်ပညာရှင်အဖွဲ့ရဲ့ အကြံဉာဏ်တွေကို တောင်းခံပြီး ကျန်တဲ့ ခရိုင် ၈ခုမှာ အရေးပေါ်အခြေအနေ ရုပ်သိမ်းသင့် မသင့်ကို မေလ ၂၁ရက်နေ့မှာ ဆုံးဖြတ်သွားဖို့ စီစဉ်ထားပါ တယ်။
Tokyo နဲ့ သူ့ရဲ့ အရှေ့ဘက် ဝန်းကျင်က ခရိုင်တွေ ဖြစ်တဲ့ Saitama၊ Chiba နဲ့ Kanagawa ခရိုင်တွေ၊ ဂျပန်နိုင်ငံမြောက်ပိုင်းက Hokkaido ခရိုင် နဲ့ အနောက်ဘက်ပိုင်းက အိမ်နီးချင်းခရိုင်တွေ ဖြစ်တဲ့ Osaka၊ ကျိုတို Kyotoနဲ့ ဟယောဂိုး Hyogo ခရိုင်တွေဟာ အရေးပေါ် အခြေအနေ ကြေညာချက်အောက်မှာ အကျုံးဝင်ဆဲ ဖြစ်ပါတယ်။
အစိုးရက Tokyo နဲ့ Osaka ဒေသ ၂ခုအတွက် အရေးပေါ် အခြေအနေ ရုပ်သိမ်းသင့် မသင့် ဆုံးဖြတ်ရာမှာ ဒေသတွင်း ရောဂါကူးစက် ပြန့်ပွားမှုဆိုင်ရာ အချက်အလက်တွေ အပေါ် အာရုံစိုက် စောင့်ကြည့်သွားမယ်လို့ မျှော်လင့်ရပါတယ်။
ခရိုင် ၈ခုက ပြည်သူတွေကို အိမ်မှာပဲ နေကြဖို့နဲ့ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တဲ့ နည်းလမ်းတွေကို ဆောင်ရွက်ကြဖို့ အစိုးရက တိုက်တွန်းနေပါတယ်။ နိုင်ငံတစ်ဝန်းက ပြည်သူတွေကို လူတစ်ဦးနဲ့ တစ်ဦးအကြား အကွာအဝေးတစ်ခုထားပြီး ခပ်ခွာခွာ နေကြတဲ့ social distancing ကို ဆက်လက် လုပ်ဆောင် သွားဖို့လည်း အစိုးရက တောင်းဆိုနေပါတယ်။
SOURCE – Japan Today