ကာကွယ်ဆေး ဖြည့်ဆည်းပေးရေးအတွက် ဂျပန်နဲ့ AstraZeneca သဘောတူခဲ့ပုံရ

August 6, 2020 at 6:33 PM

စမ်းသပ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်မျိုးကို ကုသမှု သန်း ၁၀၀ ကျော်စာအတွက် ဖြည့်ဆည်းပေးရေးနဲ့ ပတ်သက်ပြီး ဂျပန် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဗြိတိန်က ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ AstraZeneca တို့အကြား မကြာခင်မှာ သဘောတူညီမှု ရရှိလိမ့်မယ်လို့ ယူဆရပါတယ်။

ဒီ ကာကွယ်ဆေးကို AstraZeneca နဲ့ အောက်စဖို့ တက္ကသိုလ်တို့ ပူးတွဲ တီထွင်နေတာ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံနဲ့ တခြားနေရာတွေမှာ ဒီဆေးကို လူတွေမှာ လက်တွေ့ စမ်းသပ်မှု နောက်ဆုံးအဆင့်ကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။
AstraZeneca က ဒီကာကွယ်ဆေးကို စက်တင်ဘာလကုန် နောက်ဆုံးထားပြီး လက်တွေ့ အသုံးပြုနိုင်ဖို့ ရည်မှန်းနေပါတယ်။ ဂျပန်မှာ လက်တွေ့စမ်းသပ်မှုတွေကို အခုလမှာစတင်ဖို့ ဒီကုမ္ပဏီကစီစဉ်နေပါတယ်။
အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Pfizer က သူတို့ရဲ့ ကာကွယ်ဆေးတီထွင်မှု အောင်မြင်ခဲ့ရင် ဂျပန်က လူ သန်း ၆၀ စာ အတွက် ဆေးတွေကို ဖြည့်ဆည်းပေးမယ်လို့ ပြီးခဲ့တဲ့လမှာ သဘောတူခဲ့ပါတယ်။

SOURCE – Japan Today