ဂျပန်ဗဟိုဘဏ်က ထပ်ဆောင်း စီးပွားရေး ထောက်ပံ့မှုတိုးမြှင့်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာခဲ့ရတဲ့ကုမ္ပဏီတွေကို ထောက်ပံ့ဖို့နဲ့ စီးပွားရေးကို အားဖြည့်ဖို့အတွက် ထပ်ဆောင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ကို ဂျပန်ဗဟိုဘဏ် (BOJ) က ထုတ်ပြန်လိုက်ပါတယ်။
ဗဟိုဘဏ် မူဝါဒရေးဆွဲသူတွေဟာ အရေးတကြီးဖြစ်နေတဲ့ အခြေအနေကို ကိုင်တွယ်ဖို့အတွက် ပုံမှန် ၂ ရက်ကြာ ပြုလုပ်နေကျ အစည်းအဝေးကို တနင်္လာ‌နေ့က တစ်ရက်နဲ့ပဲ အပြီးပြုလုပ်ခဲ့ ပါတယ်။
ဂျပန်အစိုးရရဲ့ ငွေချေးစာချုပ်တွေကို အကန့်အသတ်မရှိ BOJ က ဝယ်မယ်လို့ ပြောပါတယ်။ အခုလို ထပ်ဆောင်းလုပ်ဆောင်ချက်ဟာ အစိုးရ ငွေချေးစာချုပ်တွေ ပိုထုတ်တဲ့ အစိုးရရဲ့ အရေးပေါ် စီးပွားရေး ထောက်ပံ့မှုဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့အညီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
BOJ က ပိုင်ဆိုင်မှုတွေကို ဝယ်ယူတဲ့ အခြား အစီအစဉ် တစ်ခုရဲ့ ရည်ရွယ်ချက် ကတော့ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း ဆက်ပြီး ရုန်းကန် နိုင်ဖို့အတွက် ငွေကြေး လိုအပ်တဲ့ကုမ္ပဏီတွေကို ကူညီဖို့ဖြစ်ပါတယ်။ စက်တင်ဘာလ မကုန်မီအထိ BOJ ဟာ ကုမ္ပဏီတွေရဲ့ ငွေချေးစာချုပ်တွေ အရောင်းအဝယ်ဆိုင်ရာ စာရွက်စာတမ်းတွေကိုအမေရိကန် ဒေါ်လာ ၁၈၅ ဘီလီယံလောက် အထိ တိုးမြှင့် ဝယ်ယူ မှာ ဖြစ်ပါတယ်။
အစိုးရက ပြည်သူတွေကို အပြင်မထွက်ကြဖို့နဲ့ ကုမ္ပဏီတွေရဲ့ စက်ရုံတွေမှာ ကုန်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုတိုက်တွန်းတာ ကြောင့် လုပ်ငန်းအသေးစားလေးတွေ ထိခိုက် သလို ကုမ္ပဏီကြီးတွေ လည်း အခက်ကြုံရတဲ့အတွက် အဲဒီလိုမျိုး ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
အဲဒါအပြင် BOJ ဟာ အခု ဘဏ္ဍာရေးနှစ်အတွက် ဂျပန်ရဲ့ GDP တိုးတက်မှု အလားအလာကို သိသိသာသာ လျှော့ချ ပြင်ဆင်လိုက် ပါတယ်။ အဲဒီလိုလျှော့ချမှုဟာ အနုတ် ၃ ရာခိုင်နှုန်း ဒါမှမဟုတ် အနုတ် ၅ ရာခိုင်နှုန်း အထိတောင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဇန်နဝါရီလက ခန့်မှန်းချက်မှာ ဝ.၉ ရာခိုင်နှုန်း တိုးတက်မယ်လို့ မှန်းထားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်နဲ့ ဥရောပ ဗဟိုဘဏ် တို့ဟာလည်း အခုသီတင်းပတ်အတွင်းမှာ မူဝါဒဆိုင်ရာ အစည်းအဝေးတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
နောက်ဆက်တွဲ ဖြေလျှော့မှုတွေကို ဘယ်လိုပုံမျိုးနဲ့ လုပ်မလဲ ဆိုတာကို အလေးထား စောင့်ကြည့် ရမှာဖြစ်ပါတယ်။ ဂျပန်ထက် ကူးစက်မှု ပိုပြီးများတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး အခက်အခဲတွေ ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။
SOURCE-NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်