ပိုးသတ်ဆေးဖျန်းစက်ရုပ်များကို ဂျပန်ကရထားဘူတာရုံတွင် စမ်းသပ်အသုံးပြု

July 29, 2020 at 1:18 PM

တိုကျိုမှာရှိတဲ့ ရထားဘူတာရုံတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုတားဆီးရေးအတွက် ကူညီဖို့ ပိုးသတ်ဆေးဖျန်းပေးတဲ့ စက်ရုပ်တွေကို ရထားကုမ္ပဏီက စမ်းသပ်အသုံးပြုနေပါတယ်။

တနင်္လာနေ့မှာ East Japan Railway Company က ယာမာနိုတေ(Yamanote) မြို့ပတ်ရထားလိုင်းပေါ်ရှိတဲ့ Takanawa Gateway ဘူတာမှာ စမ်းသပ်တာကို ကြည့်ရှုဖို့ မီဒီယာသမားတွေကို ဖိတ်ကြားခဲ့ပါတယ်။ အဲဒီဘူတာကို အခုနှစ် မတ်လထဲမှာ ဖွင့်လှစ်ခဲ့တာပါ။
စက်ရုပ် ၃ မျိုးဟာ လူတွေထိတွေ့ကိုင်တွယ်ကြတဲ့ လက်ကိုင်တန်းတွေနဲ့ တခြားအရာတွေအပေါ် ပိုးသတ်ဆေးရည် ပက်ဖျန်းခဲ့ပါတယ်။ စက်ရုပ်တွေမှာ ဘူတာရုံအတွင်း သွားလာတာမျိုးကို လမ်းညွှန်ပြသပေးနိုင်တဲ့ ဆင်ဆာအမျိုးမျိုးကို သုံးထားပါတယ်။ တချို့စက်ရုပ်တွေဟာ လူလုပ်အသိဉာဏ်အပေါ် အခြေခံထားတဲ့နည်းပညာနဲ့ သန့်ရှင်းရေးလုပ်တာမျိုးနဲ့ လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်တွေ ကို ပြုလုပ်ကြပါတယ်။

SOURCE – NHK