ဝန်ကြီးချုပ် Abe နုတ်ထွက်မဲ့ သတင်းထွက်လာပြီးနောက် ဂျပန်ဗဟိုဘဏ် မူဝါဒ အပြောင်းအလဲ ကို စောင့်ကြည့် သူ များပြားလာ

ဂျပန်ဝန်ကြီးချုပ် Abe Shinzo ရာထူးကနေ နုတ်ထွက်မယ့် သတင်းထွက်ပေါ်လာပြီးတဲ့နောက် ဂျပန်ဗဟိုဘဏ်ဟာ သူ့ရဲ့ ငွေကြေးဖြေလျှော့မှု မူဝါဒတွေကို ဆက်လက်ထိန်းသိမ်းထား မလားဆိုတာကို စီးပွားရေးစျေးကွက်မှာ ပါဝင်ပတ်သက်နေသူများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဝန်ကြီးချုပ် Abe က ရွေးချယ်ခန့်အပ်ခဲ့တဲ့ ဂျပန်ဗဟိုဘဏ်အကြီးအကဲ Kuroda Haruhiko ဟာ ၂၀၁၃ ခုနှစ် မတ်လမှာ တာဝန်ယူခဲ့ပြီး ကြီးမားတဲ့ ငွေကြေးဖြေလျှော့ရေးဆောင်ရွက်ချက်တွေကို စတင်လုပ်ဆောင်ခဲ့ပါ တယ်။
အာဘဲနိုးမစ် လို့ ခေါ်ဆိုတဲ့ စီးပွားရေးမူဝါဒတွေနဲ့ ကိုက်ညီအောင် ဂျပန်ဗဟိုဘဏ်က ငွေကြေးမူဝါဒတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။
ဒီမူဝါဒတွေကြောင့် ဂျပန်ယန်းတန်ဖိုးကျဆင်းခဲ့ပြီး နိုင်ငံခြားပို့ကုန်လုပ်ငန်းတွေမြင့်တက်မှုဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် နစ်ကေး စတော့ ပျမ်းမျှအညွှန်းကိန်း အမှတ်လည်း ၁၀၀၀၀ အောက် ရောက်နေတာကနေ ၂၀၀၀၀ လောက်ပြန်ဖြစ်လာခဲ့ပါတယ်။
သောကြာနေ့က Shinzo Abe ရာထူးကနေ နုတ်ထွက်မယ့်ဆုံးဖြတ်ချက် သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာ တိုကျို စတော့စျေးကွက်မှာ ရှယ်ယာတွေကို ထုတ်ရောင်းခဲ့ကြတာ ကြောင့် တစ်ချိန်မှာ နစ်ကေးပျမ်းမျှအညွှန်းကိန်းဟာ ၆၀၀ မှတ် ကျော်လောက်ကျသွားခဲ့ပါတယ်။
ဂျပန်ယန်းတန်ဖိုးနည်းစေပြီး စတော့တန်ဖိုးတက်စေဖို့ အကူအညီဖြစ်စေတဲ့ ကြီးမားတဲ့ငွေကြေးဖြေလျှော့ရေး ဆောင်ရွက်ချက်တွေကို ဂျပန်ဗဟိုဘဏ်က ဆက်လက်လုပ်သွား မလားဆိုတာကို စီးပွားရေးစျေးကွက်မှာ ပါဝင်ပတ်သက်နေသူများက အခုအချိန်မှာ စောင့်ကြည့်နေကြပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဂျပန်နဲ့ ကမ္ဘာ့စီးပွားရေး အလွန်ထိခိုက်ခဲ့တာကြောင့်၊ စီးပွားရေးကို အထောက်အကူဖြစ်စေဖို့ ဒီဆောင်ရွက်ချက်တွေကို ဆက်လုပ်သင့်တယ်လို့ ဂျပန်ဗဟိုဘဏ်က ဆိုပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့က စပြီး ၂ ရက်တာ မူဝါဒဆိုင်ရာ ဘုတ်အဖွဲ့ အစည်းအဝေးကျင်းပဖို့ ဂျပန်ဗဟိုဘဏ်က စီစဉ်ထားပါတယ်။

Source – Japan Times

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်