ကပ်ရောဂါကြောင့် ပရဟိတ လုပ်ငန်းတွေမှာ အခက်အခဲ ဖြစ်နေ

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကြောင့် ဂျပန်က အိုးအိမ်မဲ့တွေကို ကူညီနေတဲ့ ပရဟိတ လှုပ်ရှားမှုတွေမှာ အခက်အခဲ ဖြစ်နေပါတယ်။
နိုင်ငံ့ အရေးပေါ် အခြေအနေ အဖြစ် ဆက်ရှိနေတာကြောင့် လူအများအပြားဟာ အလုပ်အကိုင်တွေ မရှိဖြစ်နေရပါတယ်။ ခေတ္တနေထိုင်လို့ရတဲ့ အင်တာနက် ကော်ဖီဆိုင်တွေလည်း ပိတ်ထားတာကြောင့် တချို့သူတွေဟာ နေစရာ နေရာတောင် မရှိ ဖြစ်နေရပါတယ်။
ဒီလိုလူတွေဟာ အိုးအိမ်မဲ့ တွေ အပါအဝင် ချို့တဲ့သူတွေကို အစားအသောက်တွေ လှူဒါန်း ပေးတဲ့ လူမှုရေး ပရဟိတ အသင်းအဖွဲ့တွေဆီ သွားရောက် အကူအညီ ရယူနိုင် ပါတယ်။
တိုကျိုမှာ ရှိတဲ့ အဲဒီ အသင်းအဖွဲ့ ၃၀ ကို တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှာကို ကာကွယ်တဲ့အနေနဲ့ အကူအညီ ပေးရေး လှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းခဲ့တာ ဒါမှမဟုတ် လုပ်ငန်း ပမာဏ လျှော့ချတာတွေ လုပ်ခဲ့တယ်လို့ အဖွဲ့ ၁၅ ဖွဲ့က ပြောကြားခဲ့ပါတယ်။
တကယ်လို့ သူတို့ အဖွဲ့အစည်း ရဲ့ အဆောက်အအုံ နေရာတွေမှာ လူတွေ နဲ့ ပြည့် နေမယ် ဆိုရင် ရောဂါကူးစက် ပြန့်ပွားဖို့ အန္တရာယ် များ နိုင်တယ်လို့ သူတို့က ပြောပါတယ်။

တခြား အဖွဲ့တွေကတော့ ပုံမှန်ထက် ပိုပြီး လိုအပ်နေသူတွေကို မကြာခဏ အစားအစာတွေ ဝေငှပေးနေတာ ကြောင့် စားနပ်ရိက္ခာ ဖြည့်တင်းနိုင်တာ ရပ်တန့် သွားရင် သူတို့တွေ လုပ်ရတာ ပိုပြီး ခက်ခဲတဲ့ အနေအထား ရောက် သွားမယ်လို့ ပြောပါတယ်။
အဲဒီ အသင်းအဖွဲ့တွေ အားလုံးဟာ ရောဂါကူးစက်ပြန့်ပွားတာကို ကာကွယ်ဖို့ သူတို့ လုပ်နိုင်တာကို အစွမ်းကုန် လုပ်ဆောင် ထားကြပါတယ်။ တချို့က ဝေငှတဲ့ အစားအစာ လာယူသူတွေကို ပါးစပ်နဲ့ နှာခေါင်းစည်းတွေ ပေးဝေ ခဲ့ကြသလို၊ အစားအစာ တန်းစီ စောင့်နေချိန်မှာလည်း တစ်ဦးနဲ့ တစ်ဦးကြား နီးကပ်မှု မရှိအောင် လုပ်ဆောင် ထားကြပါတယ
တချို့ အဖွဲ့တွေ ကတော့ သယ်သွားလို့ရတဲ့ ဘူးတွေနဲ့ အစားအစာ တွေကို ပေးကြပါတယ်။
တိုကျိုမြို့ရှိ တာကာ့ချိဟို (Takachiho) တက္ကသိုလ်က ပါမောက္ခ ခိမူရာ့ မာ့စာ့တို (Kimura Masato) က ပရဟိတ အသင်းအဖွဲ့တွေဟာ ရောဂါ ကူးစက်ပြန့်ပွားမှာ ကြောက်နေရတာ ကြောင့် လိုအပ်နေသူတွေကို စားနပ်ရိက္ခာ ဝေငှ ပေးနေရတာ အခက်အခဲတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိ အနေအထားဟာ သဘာဝဘေး အန္တရာယ်ကြီး ကျရောက်နေတဲ့ အခြေအနေနဲ့ အတူတူပဲလို့ ပြောရင်းနဲ့ ပုဂ္ဂလိက လုပ်ငန်း ကဏ္ဍတွေကနေလည်း ကူညီ ထောက်ပံ့ကြဖို့ သူက တိုက်တွန်း နေပါတယ်။

SOURCE – NY Times

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်