ဂျပန်နိုင်ငံမှ တီထွင်ထုတ်လုပ်တဲ့ Avigan (အအေးမိတုပ်ကွေးပျောက်ဆေး)ဟာ Coronavirus ကုသရာတွင် အကျိုးသက်ရောက်မှုရှိကြောင်းတွေ့ရှိခဲ့

March 20, 2020 at 9:17 AM

၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံမှ တီထွင်ထုတ်လုပ်ခဲသော Avigan (အအေးမိတုပ်ကွေးပျောက်ဆေး) ဟာ ယခုလတ်တလော ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသည့် coronavirus ကို ကုသနိုင်စွမ်းရှိကြောင်း တရုတ်နိုင်ငံအစိုးရ သုတေသနပညာရှင်များမှ ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဆေးဝါးအား တွင်ကျယ်စွာ အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံအစိုးရမှ ပြောကြားခဲ့ပါတယ်။

Source : NHK

အမျိုးသားဇီဝဗေဒ နည်းပညာဌာနရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Zhang Xinmin မှ မတ်လ(၁၇)ရက် အင်္ဂါနေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် ထိုဆေးဝါးအကြောင်းကို အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံရှိ ဆေးဝါးအဖွဲ့အစည်းနှစ်ဖွဲ့မှ Wuhan မြို့ရှိ ရောဂါကူးစက်ခံရသူ (၂၈၀)ဦးနှင့် Shenzhen မြို့ရှိ ရောဂါကူးစက်ခံရသူ (၄၀)ဦးကို ဆေးပညာဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ရင်း Avigan ဆေးဟာ Coronavirus ကုသရာတွင် အကျိုးသက်ရောက်မှုရှိကြာင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Coronavirus ရောဂါကုသပျောက်ကင်းရန် (၁၁)ရက်ကြာ ကုသရမည်ဖြစ်သော်လည်း Shenzen မြို့ရှိ Avigan ဆေးကို အသုံးပြုခဲ့တဲ့ လူနာများဟာ (၄)ရက်တည်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်ဟုသိရှိရပါတယ်။

Source : NHK

Avigan ဆေးဟာ Coronavirus နှင့်ရောဂါလက္ခဏာများဆင်တူသည့် Pneumonia ရောဂါကို ကုသရာတွင်လည်း အကျိုးသက်ရောက်မှုရှိသည့်အပြင် ထိုဆေးဝါးကြောင့် ဖြစ်ပွားနိုင်တဲ့ ( side effect) ဘေးထွက်ဆိုးကျိူးများလည်းမရှိကြောင်း ၊ ထိုဆေးရဲ့အကျိုးသက်ရောက်မှုက သိသာထင်ရှားတဲ့အပြင် Coronavirus ရောဂါကို နှိမ်နင်းကုသရန်အတွက် ဆေးဝါးအနေဖြင့်အသုံးပြုသင့်ကြောင်းကိုလည်း Zhang Xinmin မှ ပြောကြားခဲ့ပါတယ်။

ယခုလက်ရှိတွင်တော့တရုတ်နိုင်ငံရှိ ဆေးဝါးအဖွဲ့အစည်းတစ်ခုမှ Aviganဆေးအား တရုတ်နိုင်ငံတွင် ထုတ်လုပ်ရန်လည်း ဂျပန်နိုင်ငံအစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပါတယ်။