ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း အောင်မြင်နေတဲ့ ဂျပန်မြို့က ဆေးလိပ်ကင်းစင်ရေး အစီအစဉ်

June 1, 2020 at 8:26 AM

ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း Osaka စီရင်စု Toyonaka မြို့ မှာ ၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ ဆေးလိပ် သောက်သုံးမှု အလေ့အကျင့်ကို ဖြတ်ပေးတဲ့ အက်ပလီကေးရှင်းကို အသုံးပြုသူ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အွန်လိုင်းအက်ပလီကေးရှင်း ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ “The Three C’s” လို့ ခေါ်တဲ့ Closed Spaces (ကျဉ်းမြောင်းတဲ့နေရာ)၊ Crowded Places(လူထူထပ်တဲ့နေရာ)၊ Close Contact (တစ်ဦးနှင့်တစ်ဦး အနီးကပ်ထိတွေ့ဆက်ဆံခြင်း) တို့မှာ ဆေးလိပ် သောက်သုံး မှု ကို လျှော့ချ ရန် ဆေးလိပ်ဖြတ်လိုသူများကို အကူအညီပေးတဲ့ အက်ပလီကေးရှင်းတစ်ခုပဲဖြစ်ပါတယ်။
သက်တမ်း တစ်နှစ်ခန့် ရှိပြီဖြစ်တဲ့ ဒီအက်ပလီကေးရှင်းက သူနာပြုများနဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ Video Chat မှတဆင့် ဆေးလိပ်ဖြတ်နိုင်ဖို့ နှစ်သိမ့် ဆွေးနွေး ပေးတဲ့ အစီအစဉ် ပါရှိတဲ့အပြင် နေအိမ်တိုက်ရိုက် ဆေးလိပ်ဖြတ်တောက်ဖို့ လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ထောက်ပံ့ပေးတဲ့ အစီအစဉ်လည်း ပါရှိတယ်လို့ သိရပါတယ်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း ရဲ့ နောက်ဆုံး ထုတ်ပြန်ကြေညာချက်များအရ ဆေးလိပ်သောက်သုံးခြင်းနဲ့ COVID ဗိုင်းရပ်စ် ရောဂါ ကူးစက်နိုင်ခြေ မရှိပေမဲ့ ဆေးလိပ်သောက်သုံး တဲ့ လက်မှ တဆင့် ကူးစက်နိုင်ခြေရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ လူ့အဖွဲ့အစည်း တိုးတက်ပြောင်းလဲ လာမှု နှင့်အတူ စားသောက်ဆိုင်တွင် ဆေးလိပ်သောက်သုံးမှုကို တားမြစ်ခြင်းနှင့် အခြား နေရာအများစု တွင် ဆေးလိပ်သောက်သုံးမှုကို တားမြစ်ချက်များထုတ်ပြန်လာခဲ့ခြင်း ကြောင့် ဆေးလိပ်သမား များ ဆေးလိပ်ဖြတ်တောက်ဖို့ စဉ်းစား နေရတဲ့ အခြေအနေ ကို ရောက်ရှိလာခဲ့ပါတယ်။