ဂျပန်နိုင်ငံတွင် Covid-19ရောဂါကုသရန်အတွက် Avigan ဆေးအား စတင်စမ်းသပ်မှုများပြုလုပ်

April 1, 2020 at 10:18 PM

ဂျပန်နိုင်ငံရှိ ဆေးဝါးထုတ်လုပ်ရေးအဖွဲ့အစည်းတစ်ခုမှ coronavirus ရောဂါ လက္ခဏာများအား ကုသပျောက်ကင်းစေနိုင်တဲ့ ဆေးဝါးစမ်းသပ်စစ်ဆေးမှုများကို လုပ်ဆောင်လျက် ရှိပါတယ်။

Fujifilm Group ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Fujifilm Toyama Chemical ကုမ္ပဏီ မှ Coronavirus ကူးစက်ခံရသူ(၁၀၀)ခန့်အား Avigan ဆေးကိုအသုံးပြုကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ထိုဆေးဝါးစမ်းသပ်စစ်ဆေးမှုဟာ ဇွန်လမတိုင်ခင်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

Source : nhk

(၂၀၁၄)ခုနှစ်တွင် Fujifilm Toyama Chemical ကုမ္ပဏီ မှ Avigan ဆေးအား အအေးမိတုပ်ကွေးရောဂါပျောက်ဆေးအနေဖြင့် တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထိုဆေးဝါးကို အသုံးပြုပါက ပြင်းထန်တဲ့အကျိုးသက်ရောက်မှုများလည်း ရှိနိုင်တာကြောင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ကြေငြာထားပါတယ်။

တရုတ်နိုင်ငံတွင်တော့ထို Avigan ဆေးကို အသုံးပြုပြီးစမ်းသပ်ကုသခဲ့တဲ့ Coronavirus ကူးစက်ခံရသူများရဲ့ အဆုတ်များတွင် အခြေအနေတိုးတက်မှုများတွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံ သုတေသနပညာရှင်များက ပြောကြားခဲ့ပါတယ်။