COVID-19 အရေးပေါ်အခြေအနေထားရှိတဲ့ ခရိုင်တွေမှာ ဝန်ထမ်းတွေ ကို အိမ်ကနေ အလုပ်လုပ်ဖို့ တောင်းဆို

May 8, 2020 at 3:58 PM

ဂျပန်အစိုးရက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အထူး သတိထားရမယ့် တိုကျိုနဲ့ တခြား ခရိုင် ၁၂ ခုမှာ ရှိတဲ့ ကုမ္ပဏီတွေကို ဝန်ထမ်းတွေအနေနဲ့ အလုပ်သွားရတဲ့ ဦးရေ အနည်းဆုံး ၇၀ ရာခိုင်နှုန်းအထိ ဖြစ်အောင် လျှော့ချဖို့ တိုက်တွန်း သွားမှာ ဖြစ်ပါတယ်။
မေလ ၇ ရက်နေ့ဟာ အစိုးရက တိုကျိုနဲ့ အိုစာကာ အပါအဝင် ခရိုင် ၆ ခုမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့တာ တစ်လ တိတိ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် Abe Shinzo ဟာ အရေးပေါ်အခြေအနေကို နိုင်ငံတစ်ဝန်းလုံးအထိ တိုးချဲ့ ကြေညာခဲ့ပြီး ကနဦးစီစဉ်ထားတဲ့ မေလ ၆ရက်နေ့ အဆုံးသတ်ဖို့ ဆိုတဲ့ သက်တမ်းကိုလည်း မေလကုန်အထိ တိုးချဲ့ခဲ့ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာချက်ကို ဘယ်တော့ ရုပ်သိမ်း မလဲ ဆိုတာ မေလ အလယ်လောက်မှာ ကျွမ်းကျင်သူတွေနဲ့ စကားပြောပြီးနောက် မှာ ဆုံးဖြတ်ဖို့ စီစဉ်ထားတယ်လို့ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ အွန်လိုင်း အစီအစဉ်တစ်ခုမှာ မစ္စတာ Abe က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
သူ ဆုံးဖြတ်ချက်ချဖို့အတွက် အခြေခံ စဉ်းစားနိုင်တဲ့ စံနှုန်းသတ်မှတ်ချက် တွေ ချပေးဖို့ကိုလည်း ကျွမ်းကျင်သူတွေကို တောင်းဆိုမယ်လို့ မစ္စတာ Abe က ပြောပါတယ်။
SOURCE – NHK