ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

ဇွန်လအထိ ၃ လတာကာလအတွင်း ဂျပန်နိုင်ငံမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသားဖြစ်ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုခံခဲ့ရကြောင်း အတည်ပြုခဲ့သူ ၆၇ ဦးရှိတယ်လို့ ဒီဌာနရဲ့ သုတေသီတွေက ပြီးခဲ့တဲ့လမှာ အစီရင်ခံခဲ့ပါတယ်။
COVID-19 ကာကွယ်ဆေး ထိုးပြီး ၁၄ ရက်ကြာတဲ့နောက်မှာ ကူးစက်ခံရတာကို breakthrough ကူးစက်မှုလို့ သိထားကြပါတယ်။
တခြားနိုင်ငံတွေမှာလည်း အလားတူကူးစက်မှုတွေ ရှိနေပေမဲ့ ကာကွယ်ဆေးဟာ ထိရောက်မှု မြင့်မားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့နောက်မှာလည်း ကူးစက်မှုတားဆီးရေး ဆောင်ရွက်ချက်တွေကို ဆက်လက်လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ သူတို့က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
အစီရင်ခံစာတွေရဲ့ အစိတ်အပိုင်းတွေကို တချို့လူတွေက သူတို့ရဲ့ အယူအဆအတွက် အလျင်းသင့်သလို လိုရာဆွဲ သုံးစွဲနေကြတာနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ကြေညာချက်တစ်စောင်ထဲမှာ ဒီဌာနက ဖော်ပြခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တာတွေကနေ ဒီဌာနက မှားယွင်းတဲ့ သတင်းစကားတွေပေးနေဆိုတဲ့ အမြင်တွေကို ဖြစ်စေရုံသာမက ကောင်းမွန်တဲ့၊ လူ့ဘောင်ထဲက သိပ္ပံပညာကိုအခြေခံတဲ့ ဆွေးနွေးမှုတွေကို ထိခိုက်စေတယ်လို့ အဲဒီကြေညာချက်မှာ ဆိုထားပါတယ်။
ဒီဌာနရဲ့ အကြီးအကဲ Wakita Takaji က ဒီကာကွယ်ဆေးတွေဟာ ပြင်းထန်တဲ့ ရောဂါဝေဒနာတွေ ဖြစ်ပွားစေတာကို ကာကွယ်ဖို့ ထိရောက်တယ်ဆိုတာ ထင်ရှားကြောင်း၊ ကာကွယ်ဆေးထိုးတာတွေ တိုးလာတာနေတာကြောင့် breakthrough ကူးစက်မှုတွေလည်း တိုးလာမယ်လို့ ခန့်မှန်းရကြောင်း ပြောပါတယ်။ ကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ပိုး မကူးစက်အောင် ကာကွယ်ပေးခဲ့တဲ့သူတွေ အများအပြားရှိတယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More
သတင်း

အိုလံပစ်ပွဲတွေနဲ့ ပတ်သက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၂၉ဦးနဲ့ စံချိန်တင်

အားကစားပြိုင်ပွဲတွေနဲ့ ပါဝင်ပတ်သက်နေသူတွေအကြား တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ်အရေအတွက်ဟာ ဗုဒ္ဓဟူးနေ့မှာ ၂၉ဦးရှိပြီး စံချိန်တင်ခဲ့ကြောင်း တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး ကော်မတီက ပြောကြားခဲ့ပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်