အမေရိကန်−တရုတ် ထိပ်တိုက်တွေ့မှုကို ဂျပန် သတိထားစောင့်ကြည့်နေ

၂ နိုင်ငံအကြား ကောင်စစ်ဝန်ရုံးတွေ အပြန်အလှန် ပိတ်ပစ်ပြီး တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြားက ထိပ်တိုက်တွေ့မှုတွေကို ဂျပန်အစိုးရက မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။

ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် စူဂါ ယော်ရှိဟီဒဲ (Suga Yoshihide) က အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေး တည်ငြိမ်ဖို့ အရေးကြီးတယ်လို့ တနင်္လာနေ့မှာ သတင်းထောက်တွေကို အလေးထား ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုတွေ ဖြစ်နေတဲ့ အတောအတွင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေဟာ ပိုမို အရေးပါလာတယ်လို့ သူက ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ ဟူစတန်မှာ ရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမေရိကန်က တရုတ်ကို အမိန့်ပေးခဲ့ပြီးနောက် အခုလို မှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်ကလည်း စီချွမ် ပြည်နယ် ချန်ဒူးမြို့မှာ ရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
ဂျပန်အစိုးရ အရာရှိတချို့က အဲဒီလို ကောင်စစ်ဝန်ရုံးတွေ ပိတ်တာဟာ အမေရိကန်နဲ့ တရုတ်တို့ အကြားက ပြဿနာတစ်ခုသာ ဖြစ်တယ်ဆိုပေမဲ့ သံတမန်ရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဒါဟာ အရေးပါတယ်လို့ ဆိုပါတယ်။ သူတို့တွေရဲ့ ထိပ်တိုက်တွေ့မှုဟာ နောက်အဆင့်တစ်ခုကို ရောက်နေပြီဆိုတာ သံသယဖြစ်စရာ မလိုတော့ဘူးလို့ သူတို့က ဆိုပါတယ်။

SOURCE – Japan Times

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်