Social Distancing အတွက် ပလတ်စတစ်အလွှာများကို စတိုးဆိုင်များ စတင်အသုံးပြု

April 15, 2020 at 10:05 AM

ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားနေစဉ်ကာလအတွင်း ဈေးဝယ်သူများနှင့် အရောင်းဝန်ထမ်းများအကြား ရောဂါပိုး ကူးစက်ခြင်းမရှိစေရန် မျက်နှာကြက်မှ ပလတ်စတစ်အလွှာများကို ချပြီး Social Distancing အတွက် အသုံးပြုလာခဲ့ကြပါတယ်။

ဂျပန်နိုင်ငံအတွင်း စတိုးဆိုင်ပေါင်း ငါးသောင်းရှစ်ထောင် ခန့် ရှိပါတယ်။ ဆိုင်အများစုမှာ ၂၄ နာရီ ဖွင့်လှစ်ထားပြီး ကြိုတင်လုပ်ထားပြီးသား အစားအစာများ၊ ဘီယာနှင့် Necktie တွေ အထိ ရောင်းချ ပေးလျက်ရှိပါတယ်။ အိမ်အရောက်ပို့ စနစ် လည်း ရှိတဲ့အပြင် အကြွေး ဝယ်စနစ် လည်း ထားရှိထားပါသေးတယ်။

ကမ္ဘာအနှံ့တွင် အရောင်းဆိုင်များ ဖွင့်လှစ်ထားသော 7-Eleven ကုမ္ပဏီ နှင့် Seven & I Holdings ကုမ္ပဏီတို့က အရောင်းဝန်ထမ်းများကို မျက်နှာဖုံး ဝတ်ရန်၊ အပူချိန်စစ်ဆေးရန်၊ လက်များကို မကြာခဏ ဆေးကြောရန်နှင့် ဆိုင်အတွင်း သန့်ရှင်းရေး မကြာခဏ လုပ်ရန် ညွှန်ကြားထားပါတယ်။

SOURCE – The Japan Times