မတ်လ(၁၀)ရက် အင်္ဂါနေ့တွင် ဂျပန်နိုင်ငံ၌လူအယောက်(၅၉)ဦး Coronavirus ထပ်မံကူးစက်ခံရပြီး တစ်ရက်တည်းတွင် ကူးစက်ခံရမှုနှုန်းအများဆုံးအဖြစ်စံချိန်တင်ခဲ့

March 11, 2020 at 8:53 PM

မတ်လ(၁၀)ရက် အင်္ဂါနေ့ တစ်ရက်တည်းတွင် ဂျပန်နိုင်ငံ၌ Coronavirus ကူးစက်ခံရသူဦးရေမှာ (၅၉)ယောက်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် Coronavirus ဖြစ်ပွားသည့်အချိန်မှစ၍ ယခုအချိန်ထိ တစ်ရက်တည်း၌ ကူးစက်ခံရမှု အများဆုံး လူဦးရေပမာဏ ဖြစ်ကြောင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ NHK မှ ပြောကြားခဲ့ပါတယ်။

မတ်လ(၁၁)ရက် ဗုဒ္ဓဟူးမနက်တွင်လည်း Hyogo အနောက်ပိုင်းခရိုင်တွင် ကူးစက်ခံရသူ နောက်ထပ် (၁)ဦး ထပ်မံတိုးလာကြောင်း သတင်းရရှိခဲ့ပါတယ်။

Source : Channelnewsasia

Diamond Princess အပျော်စီးသင်္ဘောပေါ်မှ ကူးစက်ခံရသူ (၆၈၆)ဦး နှင့် တရုတ်နိုင်ငံမှ Charter Flight(စင်းလုံးငှားလေယာဉ်)ဖြင့် ပြန်လာခဲ့တဲ့ ကူးစက်ခံရသူ(၁၄)ဦး အပါအဝင် တိုကျိုတစ်နိုင်ငံလုံးတွင် Coronavirus ကူးစက်ခံရသူ (၁,၂၇၈)ဦး ရှိလာပြီ ဖြစ်ပြီး အပျော်စီးသင်္ဘောပေါ်မှ Coronavirus ကူးစက်ခံရသူ(၇)ဦးအပါအဝင် သေဆုံးသူဦးရေမှာ (၁၈)ဦးရှိပြီဖြစ်ကြောင်း NHK မှ ပြောကြားခဲ့ပါတယ်။