တရုတ်နိုင်ငံတွင် Coronavirus ကူးစက်ပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းများပါ အကျိုးသက်ရောက်မူရှိ

January 29, 2020 at 3:57 PM

တရုတ်အစိုးရမှ လက်တလော Wuhan မြို့တွင် Coronavirus ကူးစက်ပြန့်ပွား နေမှုကြောင့် ပြည်ပနိုင်ငံများသို့သွားလာခွင့်ပိတ်ပင်လိုက်ခြင်းဟာ ဂျပန်နိုင်ငံရဲ့ Tourist attraction နေရာများကိုလည်း အကျိုးသက်ရောက်မှု ရှိစေခဲ့ပါတယ်။

နှစ်စဉ်ဂျပန်နိုင်ငံ Tamaမြို့ရှိ Sanrio Puroland theme park သို့လာရောက်လည်ပတ်ကြတဲ့ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်အရေအတွက်မှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်အရေအတွက်ရဲ့ (၃၀)ရာခိုင်နှုန်းခန့် ရှိပါတယ်။ ပုံမှန်အားဖြင့်တရုတ်နှစ်သစ်ကူးပိတ်ရက်များတွင် Sanrio Puroland theme park ရှိ Hello kitty နဲ့ အခြားနာမည်ကြီး characters များဖြင့်အလှဆင်ထားတဲ့နေရာများဟာ တရုတ်နိုင်ငံမှခရီးသွားဧည့်သည်များနှင့် အမြဲစည်ကားနေတတ်ပေမဲ့ ယခုနှစ်တွင်တော့ တရုတ်နိုင်ငံမှ ဧည့်သည်အယောက် (၅၀၀)ကျော်ဟာ ကြိုတင်စာရင်းပေးသွင်းထားခြင်းများကို cancel လုပ်ခဲ့ကြောင်း တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးမှ ပြောကြားခဲ့ပါတယ်။

Source : Travelinghoneybird

ထို့အပြင် Kyotoမြို့ရှိ Kimonoနဲ့အခြားချည်ထည်ပစ္စည်းများ ရောင်းချသည့် Nishijin Textile Centre မှလည်း တရုတ်နိုင်ငံမှ ခရီးသွားလာခွင့် ပိတ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြီးသည့်အချိန်မှစ၍ ကြိုတင်စာရင်းပေးသွင်းထားသည့် အယောက်(၃၀၀) ခန့်ဟာ cancel လုပ်သွားခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ နှစ်စဉ် Nishijin Textile Centre သို့လာရောက်လည်ပတ်သည့် တရုတ်နိင်ငံမှ ခရီးသွားဧည့်သည် အရေအတွက်မှာ (၁)သိန်းခန့်ရှိပြီး ခရီးသွားဧည့်သည်စုစုပေါင်းအရေအတွက်၏ ထက်ဝက်ခန့် ရှိပါတယ်။

Nishijin Centre မှာဆိုရင် Kimono ငှားရမ်းပေးခြင်း၊ show ပွဲများနှင့် Kimono နဲ့ဆက်စပ်လျက်ရှိသည့် အခြားဝန်ဆောင်မှုများကို ရရှိနိုင်ပြီး Centre ရှိတာဝန်ရှိသူများက ခရီးသွားလာခွင့် ပိတ်လိုက်ခြင်းဟာ အချိန်အတော်ကြာ ကြာမြင့်နိုင်ခြေရှိသောကြောင့် စိုးရိမ်လျက်ရှိပါတယ်။