အိုလံပစ်ပွဲတွေနဲ့ ပတ်သက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၂၉ဦးနဲ့ စံချိန်တင်

August 5, 2021 at 10:06 AM

အားကစားပြိုင်ပွဲတွေနဲ့ ပါဝင်ပတ်သက်နေသူတွေအကြား တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ်အရေအတွက်ဟာ ဗုဒ္ဓဟူးနေ့မှာ ၂၉ဦးရှိပြီး စံချိန်တင်ခဲ့ကြောင်း တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး ကော်မတီက ပြောကြားခဲ့ပါတယ်။

အဲဒီကူးစက်ခံရသူတွေကြားမှာ ပြည်ပကလာတဲ့ အားကစား သမား ၄ဦး ပါဝင်ပါတယ်။
အခုအထိ ကူးစက်ခံရသူ စုစုပေါင်း ၃၂၂ ဦး ရှိသွားပြီလို့ သိရပါတယ်။