ကန့်သတ်ချက်များဖြေလျှော့ပြီးနောက် ဂျပန်နိုင်ငံတွင်း ခရီးသွားမှုပိုမိုများပြားလာ

ဂျပန်အစိုးရက ခရီးသွားလာမှုကန့်သတ်ချက်ကို ဖြေလျှော့ ခဲ့ပြီးတဲ့နောက် ပထမဦးဆုံးစနေ၊ တနင်္ဂနွေနေ့တွေအတွင်း ခရိုင်တစ်ခုနှင့်တစ်ခုဖြတ်ကျော်သွားလာတဲ့သူ ပိုပြီးတော့ များလာခဲ့ပါတယ်။

လက်ကိုင်ဖုန်းဒေတာတွေက စနေနဲ့ တနင်္ဂနွေနေ့တွေမှာ တိုကျိုကနေ တခြားခရိုင်တွေကိုသွား‌ရောက် ခဲ့ကြတဲ့သူ အရေအတွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ၁၁ ရာခိုင်နှုန်း များပြားလာခဲ့တယ်ဆိုတာကို ပြသနေပါတယ်။ တခြားခရိုင်တွေကနေ တိုကျိုကိုလာရောက်ကြတဲ့ အရေအတွက်ကတော့ ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
တိုကျိုအနီး ခါနာ့ဂါဝါ့ ခရိုင်(Kanagawa) ကနေ တခြားခရိုင်တွေကိုခရီးထွက်ကြတဲ့သူအရေအတွက်ဟာ ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ခါနာ့ဂါဝါ့ခရိုင်ကို လာရောက်လည်ပတ်ကြတဲ့သူတွေကတော့ ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
မြောက်ပိုင်းက ဟော့ကိုင်းဒိုး(Hokkaido) မှာ ခရိုင်ပြင်ပကို ခရီးထွက်တဲ့သူတွေဟာ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အဲဒီခရိုင်အတွင်းကို လာရောက်လည်ပတ်ကြသူ အရေအတွက်ကတော့ ၁၉ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။
ဒီအတောအတွင်း လူကြိုက်များတဲ့တချို့ဧရိယာအတွင်း စနေ၊ တနင်္ဂနွေ နေ့တွေမှာ သွားရောက် လည်ပတ်မှုဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမဖြစ်ခင် ဇန်နဝါရီလလယ်ကနေ တစ်လတာ ကာလအတွင်းမှာ ရှိခဲ့တဲ့ အရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက် ပြန်ရှိလာခဲ့ပါတယ်။

SOURCE – JAPAN TODAY

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်