Fukushima ခရိုင် Koriyama မြို့ရှိ စားသောက်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားလူ ၁ ဦး သေဆုံး

ဂျပန် အရှေ့မြောက်ပိုင်း Fukushima ခရိုင်၊ Koriyama မြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ အနည်းဆုံး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဂျပန်အချိန် ကြာသပတေးနေ့ မနက် ပိုင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ရုပ်အလောင်းတစ်ခု တွေ့ရတယ်လို့ ရဲနဲ့ မီးသတ် အရာရှိတွေက ပြောပါတယ်။ လူ ၂ ဦး အပြင်းအထန် ဒဏ်ရာရပြီး ကျန် ၁၆ ဦး ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ သူတို့က ဆိုပါတယ်။
အနီးအနား ဘဏ်တစ်ခုမှာ ငွေထုတ်စက်ကို အသုံးပြုနေတဲ့ ဘဏ် ဝန်ထမ်း ၂ ဦးနဲ့ ဧည့်သည် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီဘဏ်ရဲ့ အရာရှိတွေက ဆိုပါတယ်။ အဲဒီဘဏ်မှာ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ တိမ်းရှောင်ခဲ့ကြပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ဓာတ်ငွေ့တွေ ယိုစိမ့်နေတဲ့ ပရိုပိန်း ဓာတ်ငွေ့ တိုင်ကီ ၃ လုံးအပါအဝင် ပရိုပိန်း ဓာတ်ငွေ့ တိုင်ကီ ၆ လုံးကို တွေ့ရတယ်လို့ မီးသတ်အရာရှိတွေက ဆိုပါတယ်။
သူတို့က အဲဒီအဆောက်အအုံကနေ အချင်းဝက် မီတာ ၃၀၀ ရှိတဲ့ ဧရိယာအတွင်း ဝင်ရောက်မှုကို တားမြစ်ခဲ့ပါတယ်။
ဗီဒီယိုမှတ်တမ်းများအရ အဆောက်အအုံ နံရံအားလုံး လွင့်ထွက်ပြီး သံဘောင်တွေပဲ ကျန်ရှိတော့ပါတယ်။
အနီးပတ်ဝန်းကျင်က အဆောက်အအုံတွေနဲ့ အိမ်တွေရဲ့ ပြတင်းပေါက်တွေ ကွဲအက်ခဲ့ပြီး နံရံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်