ပြိုင်လမ်းများ ဖြစ်လာခဲ့တဲ့ ခြောက်ကပ်နေသော တိုကျိုမြို့ အဝေးပြေးလမ်းမ များ

COVID-19 ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားတဲ့ Tokyo မြို့တော် အဝေးပြေးလမ်းမတွေ ပေါ်မှာ ပြိုင်ကား မောင်းနှင်မှုတွေ ပြန်လည် ပေါ်ထွက်လာခဲ့ပါပြီ။ ဒီလို ပါဝါအားမြင့်တဲ့ အင်ဂျင်တွေနဲ့ ပြိုင်ကားများ တရားမဝင် မောင်းနှင်ပြိုင်ဆိုင်မှုဟာ ၁၉၉၀ ခုနှစ်များ ဝန်းကျင်ခန့်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး ယခုအချိန်မှာ တရားမဝင်မောင်းနှင်ပြိုင်ဆိုင်မှု မရှိသလောက် လျော့နည်းသွားခဲ့ပြီဖြစ်ပါတယ်။

ဧပြီလ ၇ ရက်နေ့မှာ Tokyo မြို့နဲ့ တခြား စီရင်စု ခြောက်ခု ကို ဂျပန်အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီးနောက် တရားမဝင် ပြိုင်ကားသမားတွေအတွက် ကိုရိုနာရောဂါကို မကြောက်ရွံ့လောက်အောင် ညပိုင်း ကားမရှိပဲ ရှင်းလင်းနေတဲ့ လမ်းမတွေ က ဆွဲဆောင်နေခဲ့ပါတယ်။ ပြိုင်ကားမောင်းနှင်ကြသူတွေ အပြင် ပြိုင်ကားမောင်းနှင်ကြတာကို လာရောက်ကြည့်ရှုတဲ့ ပွဲကြည့်ပရိသတ်တွေနဲ့ စည်ကားလျက်ရှိတာကြောင့် Tokyo ရဲတပ်ဖွဲ့က စီမံချက်ချမှတ်ပြီး တရားမဝင် မောင်းနှင်သူတွေကို ဖမ်းဆီး အရေးယူလျက်ရှိပါတယ်။
Tokyo မြို့တော် ရဲ့ Koto ရပ်ကွက်မှာ ရှိတဲ့ Tatsumi အမှတ်၁ အဝေးပြေးလမ်းမ ကားရပ်နားနေရာမှာ ည ကိုးနာရီ ဆိုရင် Tokyo မြို့ကားလိုင်စင်အပြင် Kanto ဒေသမှ အခြားစီရင်စု လိုင်စင်ဖြင့် ပြိုင်ကားများ အစီး၇၀ ခန့်ကို ဧပြီလ ၂၅ ရက်နေ့မှာ တွေ့မြင်ခဲ့ကြောင်း သိရှိရပါတယ်။ ငါးစီးပြိုင်တဲ့ ပြိုင်ပွဲ ဒါမှမဟုတ် တစ်ခြား ပြိုင်ကားမောင်းသမားတွေကို လာပြိုင်တာလို့ Saitama က အသက် ၂၇ နှစ်အရွယ် အမည်မဖော်လိုသူ ပြိုင်ကားပိုင်ရှင်တစ်ဦး အဆိုပါ ယာဉ်မောင်းများစုဝေးရာ နေရာမှာ ပြောပါတယ်။ ယှဉ်ပြိုင်တဲ့အခါမှာ ဒီအဝေးပြေးလမ်း ပေါ် တစ်ပတ် အမြန်ဆုံး မောင်းနှင် နိုင်တဲ့ လူက အနိုင်ရရှိတယ်လို့ သူက ဆိုပါတယ်။

အမြန်လမ်းမကြီးပေါ်မှာ အမြန်နှုန်းကို အစိုးရက တစ်နာရီလျှင် ၅၀ ကနေ ၆၀ ကီလိုမီတာ သတ်မှတ်ထားပါတယ်။ ကူးစက်ရောဂါကြောင့် အချိန်ပိုင်းအလုပ်များ ရပ်နားထားခြင်း၊ ပါတီတွေ ပြုလုပ်ခြင်းကို ပိတ်ပင်ထားတာကြောင့် ဒီလို တရားမဝင် ပြိုင်ကားမောင်းနှင်တဲ့ နေရာတွေက လူငယ်အများစုအတွက် အပျော် ရှာ စရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
SOURCE-The Asahi Shimbun

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်