ညပိုင်း အပန်းဖြေစရာဆိုင်များရှိတဲ့ ရပ်ကွက်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအနေအထား မြင့်မားလာမှုကို ထိန်းချုပ်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး Koike Yuriko နဲ့ စီးပွားရေးပြန်လည်အားကောင်းလာရေး ဆိုင်ရာတာဝန်ခံဝန်ကြီး Nishimura Yasuhito တို့ဟာ မြို့တော်တွင်းက အဲဒီဆိုင်တွေရှိတဲ့ရပ်ကွက် တွေမှာ လတ်တလောကာလအတွင်း ကူးစက်မှုတွေ မြင့်မား လာတာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဇွန်လ ၇ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
မြို့တော်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဗဟိုအစိုးရတို့ဟာ သတင်းတွေ အပြန်အလှန်ဖလှယ်ရေးကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိတွေနဲ့ ရော တခြားအာဏာပိုင်တွေနဲ့ပါ ကြိုးပမ်း လုပ်ဆောင်ကြမယ်လို့ အတည်ပြုခဲ့ကြပါတယ်။
ဧည့်သည်တွေနဲ့ နီးကပ်တဲ့ဆက်ဆံပြောဆိုမှုတွေပြုလုပ်ကြတဲ့ စားသောက်ဆိုင်တွေနဲ့ အပန်းဖြေစရာဆိုင်တွေမှာ အလုပ်လုပ် ကြတဲ့ ဝန်ထမ်းတွေကိုလည်း ဗိုင်းရပ်စ်ပိုးစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းတာတွေနဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အကာအကွယ်ပေးနိုင်တဲ့နည်းလမ်း တွေကိုသုံးပြီး ဆွေးနွေးတိုင်ပင်နိုင်တဲ့ ဝန်ဆောင်မှုတွေကို လုပ်ဖို့ကိုလည်း အတည်ပြုခဲ့ကြပါ တယ်။
အဲဒီလိုမျိုး ကာကွယ်တားဆီးရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ ကို ပူးပေါင်းဆောင်ရွက်ကြတဲ့ စားသောက်ဆိုင်တွေနဲ့ အပန်းဖြေစရာဆိုင်တွေကို မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကရော အစိုးရကပါ ကူညီထောက်ပံ့မှုတွေကို ပေးမှာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ဆိုင်တွေကို ပြတင်းပေါက်တွေမှာ ကပ်လို့ရတဲ့ အစိုးရအသိအမှတ်ပြုစတစ်ကာ တံဆိပ်တွေကို လည်း အဲဒီ လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေဆီ ထုတ်ပေးမှာလည်း ဖြစ်ပါတယ်။
စွန့်ပစ်ရေကို စစ်ဆေးပြီး ဗိုင်းရပ်စ်ရှိ မရှိ ရှာဖွေရေးကို အတူတကွလုပ်ဆောင်ဖို့လည်း Koike နဲ့ Nishimura တို့ သဘောတူခဲ့ကြပါတယ်။
အလုပ်တက် အလုပ်ဆင်းချိန်အတွင်း ရထားတွေနဲ့ တခြားအများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်တွေကို အသုံးပြုသူအရေအတွက် များပြားနေဆဲဖြစ်တဲ့အတွက် နေအိမ်တွေကနေ အလုပ်လုပ်တာမျိုး ၊ အလုပ်ချိန်ကို ပြောင်းလဲလုပ်တာမျိုး နဲ့ တယ်လီဖုန်းနဲ့ အွန်လိုင်းအစည်းအဝေး လုပ်တာတွေကို ကုမ္ပဏီတွေက ပိုမိုတိုးမြှင့် လုပ်ဆောင်လာရေး အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် ကြမယ်ဆိုတာ ကိုလည်း သဘောတူခဲ့ကြပါတယ်။
SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်