အရေးပေါ်အခြေအနေကာလအတွင်းအိမ်တွင်း အနိုင်ကျင့်မှု များပြား

June 27, 2020 at 6:52 PM

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ပြည်သူတွေကို သီတင်းရက်သတ္တပတ်များစွာ အိမ်မှာ နေခိုင်းထားချိန် အတွင်း အိမ်တွင်း အကြမ်းဖက် အနိုင်ကျင့်မှုတွေ အတွက် အကြံဉာဏ် ရယူမှုတွေ များပြားလာခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့ရုံးက ဆိုပါတယ်။

နိုင်ငံတစ်ဝန်းက အိမ်ထောင်ဖက်အကြမ်းဖက်မှုဆိုင်ရာ အကြံပေးရေးနဲ့ အကူအညီပေးရေး စင်တာတွေမှာ ဧပြီ လ နဲ့ မေလအတွင်း အိမ်တွင်းအနိုင်ကျင့်နှိပ်စက်မှုနဲ့ပတ်သက်ပြီး တိုင်ပင်လိုတဲ့တောင်းဆိုမှု ၁၃၄၀၀ ကျော်ကို လက်ခံရခဲ့ကြောင်း အစိုးရအဖွဲ့ရုံးက ဆိုပါတယ်။
ဒီအရေအတွက်က နှစ်အလိုက်ကြည့်ရင် ဧပြီလမှာ ၃၀ ရာခိုင်နှုန်း နီးပါးတက်ခဲ့တာဖြစ်ပြီး မေလမှာ ၂၀ ရာခိုင်နှုန်းလောက် တက်ခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင် နှစ်တွေအတွင်း အိမ်တွင်းအကြမ်းဖက်အနိုင်ကျင့်မှုတွေအတွက် အကြံဉာဏ် တောင်းခံမှုတွေများလာနေခဲ့ပါတယ်။
နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်တဲ့ အထိ အဆင့်ဆင့် ဖြစ်လာခဲ့တဲ့ ဧပြီလ နဲ့ မေလအတွင်းမှာ ပိုများလာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အိမ်တွင်းအကြမ်းဖက်အနိုင်ကျင့်မှု အကြံပေးရေးစင်တာ အသစ်ကို ဖွင့်ခဲ့ပြီးနောက် ဇွန်လလယ်လောက်အထိ ၂ လလောက်အတွင်းမှာ အကြံဉာဏ်တောင်းခံမှု ၈၂၀၀ ကျော် ရှိတယ်လို့ အစိုးရအဖွဲ့ရုံးက ပြောပါတယ်။

Source – Japan Times