Shinjuku ရှိ လိင်လုပ်ငန်းများတွင် လူအချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ

April 2, 2020 at 2:41 PM

Shinjuku ရပ်ကွက်ရှိ လိင်ဖျော်ဖြေရေး လုပ်ငန်း တွင် လုပ်ကိုင်လျက်ရှိသော လူအချို့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံစားနေရကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု ဧပြီလ ၁ ရက်နေ့ တွင် ထုတ်ဝေခဲ့သော Yomiuri Shimbun သတင်းစာ ရှိ ရေးသားဖော်ပြချက်အရ သိရသည်။ အဆိုပါ ရောဂါကူးစက်ခံရသူများအနက် အချို့မှာ နိုင်ငံ၏အကြီးဆုံး Red Light District တစ်ခုဖြစ်သော ကာဘူကီချို ခရိုင်ရှိ စားပွဲရုံ ကလပ်များနှင့် စီးပွားဖြစ်လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသော ဝန်ထမ်း များ ဖြစ်ကြသည်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရပြီး COVID-19 ရောဂါဖြစ်ပွားမှု ဦးရေ မှာ မတ်လ နှောင်းပိုင်းမှ စတင်၍ ဆက်တက် မြင့်တက်လာခဲ့ကြောင်း Shinjuku ရပ်ကွက်မှ တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။

ရောဂါကူးစက်ပြန့်ပွားနေမှုကို စစ်ဆေးနေစဉ်အတွင်း ရောဂါကူးစက်ခံရသူ အများစုအနက် ဘားနှင့် ကလပ်များတွင် လာရောက်သောက်စားသူ အမျိုးသားများနှင့် နီးကပ်စွာ ဧည့်ခံ ခဲ့ရသော အမျိုးသမီးနှင့် အမျိုးသား ဝန်ထမ်း များဖြစ်ကြောင်း ရပ်ကွက်တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့သည်။ Shinjuku အတွင်းကူးစက်ခံစားရသူ စုစုပေါင်း အနက် ၂၅ ရာခိုင်နှုန်းမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းမှ ဖြစ်ကြသည်။

ရောဂါပိုး မည်သို့ စတင်ကူးစက်ပြန့်ပွားခဲ့သည်ကို တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ သို့သော် တာဝန်ရှိသူများနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရာတွင် ကန့်သတ်ချက်များကြောင်း စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။

“အချိန်တစ်ခုအတွင်း ကာရာအိုကေဆိုင်များ နှင့် ဂီတဖျော်ဖြေရေးကလပ်များကို သွားရောက်ခြင်းမှာ ရှောင်ကြဉ်ရန်နှင့် လူကြီးများအား လိင်ဖျော်ဖြေရေး များ ပါရှိသော ဘားများကလပ်များကို သွားရောက်ခြင်းမှ ရှောင်ကြဉ်စေချင်လိုပါတယ်” ဟု တိုကျိုမြို့တော် ဝန် ယူရီကို ကိုအိကီက တောင်းဆိုခဲ့သည်ဟု မတ်လ ၃၀ ရက်နေ့တွင် ထွက်ရှိခဲ့သော ဂျီဂျီသတင်းဌာန၏ ဖော်ပြပါရှိချက်အရ သိရသည်။

SOURCE – Tokyo Reporter