ဂျပန်နိုင်ငံ၏ချယ်ရီပန်းများပွင့်ချိန်ယခင်နှစ်များထက်ပို၍စောနိုင်ဖွယ်ရှိ

January 16, 2020 at 1:10 PM

Hanami ဟာဆိုရင်ဆောင်းရာသီမှ နွေဦးရာသီသို့အကူး ၊ ချယ်ရီပန်းများစတင်ဖူးပွင့်ချိန်တွင် ပန်းတို့ ၏အလှအပကိုကြည့်ရှုခံစားသည့် ဂျပန်လူမျိုးတို့ရဲ့ အလွန်ပင်ထင်ရှားကျော်ကြားလှတဲ့ ရိုးရာပွဲတော်တစ်ခုပဲဖြစ်ပါတယ်။

Source : pinterest

မိုးလေဝသနှင့်သက်ဆိုင်သော Osaka အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Japan Metrological Corp., က “တိုကျိူမြို့တွင်ယခင်နှစ်တွေထက်တပတ်စော၍ ချယ်ရီပန်းများပွင့်နိုင်ခြေရှိပြီး ၊ မတ်လ (၂၇)ရက်နေ့မှာတော့ပင်လုံးကျွတ် အဖူးအပွင့်များဖြင့်ဝေဆာနေမည် “ဟု သောကြာနေ့မိုးလေဝသအစီအစဉ်မှာပြောကြားခဲ့ပါတယ်။

Source: JapanTime

ယခင်နှစ်က မတ်လ(၂၁)ရက်နေ့တွင်ချယ်ရီပန်းများစတင်ဖူးပွင့်ခဲ့ပြီး၊ ယခုနှစ်မှာတော့ Meteorological Agency ၏ခန့်မှန်းချက်အရ Tokyo နှင့် Kochi prefecture များမှာ (၁၉)ရက်နေ့လောက်မှစ၍စတင်ဖူးပွင့်မည်ဟုသိရှိရသည်။ ထိုကဲ့သို့ချယ်ရီပန်းများယခင်နှစ်များနှင့်မတူ အနည်းငယ်စော၍ ဖူးပွင့်ရခြင်းဟာ ဆောင်းဦးနှင့် ဆောင်းရာသီတွင် အပူချိန်အနည်းငယ်မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်သည် ဟုလည်းပြောကြားခဲ့သည်။