ဂျပန်က နိုင်ငံ ၃၈ နိုင်ငံကို Avigan ဆေး အခမဲ့ ဖြန့်ဝေဖို့ရှိ

ဂျပန်က နိုင်ငံ ၃၈ နိုင်ငံကို COVID-19 ကုသရေးအတွက် အလားအလာရှိတယ်လို့ မျှော်လင့်ထားကြ တဲ့ တုပ်ကွေးရောဂါကုသတဲ့ Avigan ဆေးတွေ ဖြန့်ဝေပြီး မကြာခင်မှာ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီ တိုရှိမိဆု (Motegi Toshimitsu) က ဂျပန်ကုမ္ပဏီတစ်ခုက တီထွင်ထုတ်လုပ်ထားတဲ့ ဒီတုပ်ကွေးရောဂါ ကုသဆေးကို နယ်သာလန်၊ ဖိလစ်ပိုင်နဲ့ မလေးရှား စတဲ့ နိုင်ငံတွေ ကို ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ Avigan ဆေးဝါးကို ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံ ၇၀ ကျော်ထဲက ၃၈ နိုင်ငံကို ဂျပန်အစိုးရက အခမဲ့ ဆေးဝါး ထောက်ပံ့ပေးဖို့ ရှိတယ်လို့ သူက ပြောခဲ့ပါတယ်။
လက်ခံရရှိတဲ့နိုင်ငံတွေအနေနဲ့ အဲဒီဆေးဝါးကို လူနာတွေမှာ စမ်းသပ်ကုသထားတဲ့ အချက်အလက် ဒေတာတွေကို ဂျပန်ကို ပေးရမှာဖြစ်တယ်လို့ မစ္စတာ မိုတဲဂီက ပြောခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကပ်ရောဂါကို ထိန်းချုပ်ရေးအတွက် ကုသနိုင်စွမ်းရှိတဲ့ ဆေးဝါးတွေ တီထွင်ထုတ်လုပ်ဖို့ အရေးကြီးတဲ့ အကြောင်း သူက အလေးပေးပြောကြားခဲ့ပါတယ်။
အဲဒီဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်တဲ့ ရောဂါကို ကုသတဲ့ ဆေးတွေ တီထွင်ထုတ်လုပ်ရေးအတွက် အားပေး လှုံ့ဆော်ဖို့ အစိုးရနဲ့ ပုဂ္ဂလိက တွဲဖက်လုပ်ဆောင်မှုနဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆက်လက် တွန်းအား ဆောင်ရွက်သွားမယ်လို့ မစ္စတာ မိုတဲဂီက ပြောခဲ့ပါတယ်။ SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်