ဂျပန်ဧကရာဇ်ဘုရင် ထီးနန်းတက်ခြင်း ၁ နှစ်ပြည့်မြောက်

May 1, 2020 at 8:40 PM

ဂျပန်ဧကရာဇ်ဘုရင် Naruhito ထီးနန်းဆက်ခံတာဟာ သောကြာနေ့ မှာ ၁ နှစ် ပြည့်မြောက်သွားခဲ့ပါပြီ။ ပြည်သူတွေနဲ့အတူ ရပ်တည်ရင်း နိုင်ငံရဲ့ သင်္ကေတအဖြစ် သူ့ရဲ့ တာဝန်တွေကို အပြည့်အဝ ထမ်းဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလက ပြုလုပ်ခဲ့တဲ့ ထီးနန်းတက်တဲ့ အခမ်းအနားမှာ ဧကရာဇ်ဘုရင်က ကတိပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တာကာလအတွင်းက နန်းစွန့်ဘုရင်ကြီး Akihito နဲ့ မိဖုရားကြီး Michiko တို့ ယခင်က တက်ရောက်ခဲ့တဲ့ နှစ်ပတ်လည် အခမ်းအနားတွေကို တက်ရောက်ဖို့ ဧကရာဇ်ဘုရင်ဟာ မိဖုရား Masako နဲ့အတူ ခရိုင် ၃ ခုကို သွားရောက်ခဲ့ပါတယ်။ ထို့အပြင် ဧကရာဇ်ဘုရင်နဲ့ မိဖုရားတို့ဟာ နိုင်ငံ့ အရှေ့မြောက်ပိုင်းက ခရိုင်တွေဖြစ်တဲ့ မီယာဂိ နဲ့ ဖူကုရှီမာ့တို့ကို သွားရောက်ခဲ့ပြီး တိုင်ဖွန်းမုန်တိုင်း Hagibis ဒဏ်ကိုခံခဲ့ရတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံ အားပေး စကားပြော ခဲ့ပါသေးတယ်။ နန်းတက်ပြီးနောက် မေလမှာ ဗြိတိန်နိုင်ငံကို သွားရောက်မဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပြီး ဧပြီလ ၁၉ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိတဲ့ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်သော Fumihito ရဲ့ တရား ကြေညာထားပြီးဖြစ်သော အိမ်ရှေ့စံမင်းသား တက်ပွဲအခမ်းအနားကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒါပေမဲ့လည်း ၂၀၂၀ခုနှစ်မှာတော့ တော်ဝင် ဇနီးမောင်နှံတို့ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကြောင့် သူတို့တတွေရဲ့ လှုပ်ရှားမှုတွေ ကို သိသိသာသာ လျှော့ချခဲ့ရပါတယ်။ ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးနဲ့ လက်ရှိ ကြုံနေရတဲ့ ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ ပြည်သူတွေ အတူလက်တွဲ လုပ်ဆောင်သွားကြမယ်လို့ မျှော်လင့်ပါကြောင်း ဧကရာဇ်ဘုရင်က ပြောခဲ့ပါတယ်။
ဂျပန်နန်းဆက် တစ်လျှောက် Naruhito ဟာ ပြည်ပမှာပညာသွားရောက်သင်ယူခဲ့တဲ့ ပထမဆုံး ဘုရင်ဖြစ်တဲ့အပြင် မိဖုရား ဖြစ်သူ Masako မှာလည်း Harvard နဲ့ Oxford တက္ကသိုလ် ကျောင်းထွက် သံတမန်ဟောင်းတစ်ဦး လည်း ဖြစ်ပါတယ်။
SOURCE – The Asahi Shibum