ဒီရက်ပိုင်းက ဖြစ်သွားတဲ့ ယန်းတစ်သောင်းတန် အတုပြသနာ

December 13, 2019 at 12:38 PM

၁၂လပိုင်း အစမှာ Japan Idol Group ဖြစ် တဲ့ NECOPLA ရဲ့official twitter account မှာ ၁ သောင်းတန် အတုတစ်ရွက် လက်ခံရရှိကြောင်းကို ရေးသားခဲ့ပါတယ်။ ထို့အပြင် ငွေတု ပြုလုပ်ခြင်း သည် ထောင်ဒဏ် ၃ နှစ်နှင့်အထက် ပြစ်ဒဏ်ပေးနိုင်ကြောင်းကိုလည်း ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ထိုကိစ္စကို တင်တင်ချင်းဘဲ တစ်ချို့ အကျိုး အကြောင်းသိတဲ့ twitter အသုံးပြုသူများမှ ထို တစ်သောင်းတန်သည် အတု မဟုတ်ဘဲ အရင်က ထုတ်ခဲ့ဖူးတဲ့ ငွေဟောင်း ဖြစ်ကြောင်းကို ထောက်ပြ ပါတယ်။ NECOPLA မှလည်း post ကို အမြန်ဆုံး ဖျက်ပြီး မိမိတို့ ဝန်ထမ်းမှ ဗဟုသုတ ခေါင်းပါးမှုကြောင့် ဖြစ်တဲ့ အတွက် တောင်းပန်ကြောင်း ပိုစ့်တစ်ခုပြန်တင်ခဲ့ပါတယ်။

စာဖတ်သူများ အနေဖြင့် ခုလို တကယ်ထုတ်ခဲ့ဖူးတဲ့ ငွေ စက္ကူကို အတုလို့ မထင်အောင် ဗဟုသုတ အနေဖြင့် မျှဝေပေးချင်ပါတယ်။

၁ သောင်းတန် တွင် ( C-၁ သောင်းတန်) ( D-၁ သောင်းတန်) နဲ့ ယခု အသုံးပြုနေတဲ့ ( E – ၁သောင်းတန် ) ဆိုပြီးရှိပါတယ်။

C-၁ သောင်းတန်

size : 84mm x 174mm
ထုတ်ဝေသော ခုနှစ် : ၁၉၅၈ခုနှစ် ၁၂ လပိုင်း ၁ ရက်နေ့မှ ၁၉၈၆ခုနှစ် ၁လပိုင်း ၄ ရက်နေ့ အထိ
ပုံ : ရှေ့ဘက်မှာတော့ 聖徳太子(しょうとくたいし) ပုံဖြစ်ပြီး ကျောဘက် အခြမ်းမှာကတော့ ရောင်စုံ ပန်းချီပုံပါ

D-၁ သောင်းတန်

size : 76mm x 160mm
ထုတ်ဝေသော ခုနှစ် : ၁၉၈၄ခုနှစ် ၁၁ လပိုင်း ၁ ရက်နေ့မှ ၂၀၀၇ခုနှစ် ၄ လပိုင်း ၂ ရက်နေ့ အထိ
ပုံ : ရှေ့ဘက်မှာတော့ Fukuzawa Yukichi (福澤諭吉) ကျောဘက် အခြမ်းမှာကတော့ 雉 (キジ) bird (ရစ်ငှက်)ပုံဖြစ်ပါတယ်

E – ၁သောင်းတန်

NATIONAL PRINTING BUREAU. All Rights Reserved

size : 76mm x 160mm
ထုတ်ဝေသော ခုနှစ် : ၂၀၀၄ခုနှစ် ၁၁ လပိုင်း ၁ ရက်နေ့မှ ယနေ့တိုင်
ပုံ : ရှေ့ဘက် မှာတော့ Fukuzawa Yukichi (福澤諭吉) ကျောဘက် အခြမ်းမှာကတော့ 平等院(Byōdōin) 鳳凰堂 (Hōōdō) မှ 鳳凰像(hōōzō) ဖြစ်ပါတယ်

ဒီတစ်ခေါက်ဖြစ်သွားတဲ့ အချက် က D နဲ့ E အမျိူး အစား ဖြစ်ပါတယ်။ ငွေစက္ကူရဲ့ အသေး အကြီးနဲ့ character ကလည်း တစ်ယောက်တည်း ဖြစ်နေ တော့ ရုတ်တရက်ဆို မှားချင်စရာလေးပဲ။