တိုကျိုမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကုမ္ပဏီတွေက ကူညီ

တိုကျိုက ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူနာတွေကို ကုသပေးနေတဲ့သူတွေ နဲ့ ရောဂါရှာဖွေ ဓာတ်ခွဲ စမ်းသပ်မှုတွေကို ပြုလုပ်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အစားအသောက် ပို့ဆောင်တဲ့ ကုမ္ပဏီတစ်ခုက စားသောက်ဖွယ်ရာ တွေကို အခမဲ့ ဝေပေးနေပါတယ်။

အဲဒီကုမ္ပဏီဟာစီးပွားရေးလုပ်ငန်း ၆၀ကျော် နဲ့ ပူးပေါင်းဆောင်ရွက် ပြီး ဧပြီလကုန်ပိုင်းကနေစလို့ ဆေးရုံ ၂၃ရုံကို ထမင်းနဲ့ တခြား စားသောက်ဖွယ်တွေကို စတင် ဖြန့်ဝေပေး နေပါတယ်။
ရှီနာဂါဝါ (Shinagawa) မြို့နယ်က ဆေးရုံ ဝန်ထမ်းတွေဟာ အဲဒီလို အခမဲ့ ဝေပေးထားတဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်နဲ့ အဆာပြေ မုန့်တွေကို သုံးဆောင် ခဲ့ရပါတယ်။
အဲဒီလို စားသောက်ဖွယ်ရာတွေ ဝေပေးတာဟာ သူတို့ကို အသိအမှတ်ပြု ကျေးဇူးတင်တယ် ဆိုတဲ့သဘောမျိုး ခံစားရတယ်လို့ ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
တချို့စားသောက်ဆိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတွေကို အစားအသောက်တွေ ပို့ဆောင်ပေးဖို့ ငြင်းခဲ့ကြပြီး တစ်ခါတစ်ရံ လူနာတွေကို အစားအသောက်တွေ ကျွေးမွေးပြီးတဲ့နောက် ဆေးရုံ ဝန်ထမ်းတွေအတွက် စားစရာ မကျန်တော့တာမျိုးတွေလည်း ဖြစ်ခဲ့တယ်လို့ ဆေးရုံတွေဆီက ကြားသိခဲ့ရကြောင်း အစားအသောက် အခမဲ့ ဝေပေးတဲ့ ကုမ္ပဏီက ဆိုပါတယ်။
တိုကျိုက နေရာအနှံ့မှာ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဝန်ထမ်းတွေကို အားပေး ထောက်ပံ့ဖို့ တခြား ကြိုးပမ်း မှုတွေကို လည်း လုပ်ဆောင်နေကြပါတယ်။
ပွဲတွေ အခမ်းအနားတွေကို စီစဉ်တဲ့ ကုမ္ပဏီတစ်ခုဟာ အိုးတ (Ota) မြို့နယ်မှာရှိတဲ့ ဆေးရုံတစ်ရုံက PCR နည်းနဲ့ ရောဂါပိုးရှာဖွေ ဓာတ်ခွဲစမ်းသပ်နေတဲ့ ဝန်ထမ်းတွေအတွက် အခမဲ့ တက္ကစီ ဝန်ဆောင်မှုပေးဖို့ crowd-funding လို့ခေါ်တဲ့ အင်တာနက်မှာ လူအများအပြား စုပေါင်းထည့်ဝင်လှူဒါန်းနိုင်တဲ့ အလှူငွေ ကောက်ခံတဲ့ အစီအစဉ်ကို လုပ်နေပါတယ်။
ဒေသခံ တက္ကစီကုမ္ပဏီတစ်ခုကလည်း သူနာပြု အယောက် ၂၀ကို ဆေးရုံ အကြိုအပို့လုပ်ပေးဖို့ တက္ကစီ ၁၀စီး ကို သီးသန့်ထား ထားပါတယ်။
တစ်နေကုန် အလုပ်တွေကို မအားမလပ် ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီးတဲ့နောက် လူကျပ်တဲ့အချိန် ရထားစီးပြီး အိမ်ပြန်ရတဲ့ စိတ်ဖိစီးမှုတွေဟာ ဒီဝန်ဆောင်မှုကြောင့် သက်သာရာ ရစေတယ်လို့ သူနာပြု တစ်ဦးက ပြောပါတယ်။
ဒီဝန်ဆောင်မှုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကြောင့် လုပ်ငန်း ထိခိုက်ခဲ့ရတဲ့ တက္ကစီ ကုမ္ပဏီကို ကူညီပေးဖို့လည်း ရည်ရွယ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်