မိုးကြီးမှု ဘေးသင့်ခဲ့တဲ့နေရာတွေအတွက် ထောက်ပံ့ကူညီမှု အမြန်လုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီးချုပ် ကတိပြု

August 5, 2020 at 3:58 PM

လတ်တလော မိုးသည်းထန်မှုတွေကြောင့် ထိခိုက်ခဲ့တဲ့ ဧရိယာတွေအတွက် ငွေကြေးသုံးစွဲမယ့် အစီအစဉ်တစ်ခုကို အမြန်ဆုံးရေးဆွဲရေး အစွမ်းကုန် ကြိုးပမ်းမယ်လို့ ဂျပန် ဝန်ကြီးချုပ် Abe Shinzo က ကတိပြုလိုက်ပါတယ်။

အင်္ဂါနေ့က ပြုလုပ်တဲ့ အဓိက အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အလုပ်အမှုဆောင် အစည်းအဝေးတစ်ခုမှာ မစ္စတာ အာဘဲ က စကားပြောခဲ့ပါတယ်။
ဘေးသင့်ဧရိယာတွေမှာ နေထိုင်သူတွေဟာ အခုသီတင်းပတ်အတွင်းမှာ ယာယီအိမ်ယာတွေကို စတင် ပြောင်းရွှေ့ကြမယ်ဆိုတာနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ရေးဆွဲခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၉၄၀လောက် ငွေကြေးသုံးစွဲမယ့် အစီအစဉ်ကို အလျင်အမြန် အသုံးချနေကြောင်း ပြောခဲ့ပါတယ်။

Source – Asahi Shimbun