ဇူလိုင်လအထိ နေထိုင်ခွင့်ရတဲ့ နိုင်ငံခြားသားများကို ဗီဇာသက်တမ်း နောက်ထပ် သုံးလ ထပ်တိုးပေး

May 13, 2020 at 6:55 AM

Corona Virus ရောဂါဖြစ်ပွားနေစဉ်အတွင်း လူဝင်မှုကြီးကြပ်ရေးကောင်တာတွေမှာ လူအဝင်အထွက် များတာကို လျှော့ချနိုင်ဖို့ ဒီဇူလိုင်လမှာ နေထိုင်ခွင့်သက်တမ်းပြည့်မဲ့ နိုင်ငံခြားသားတွေကို နောက်ထပ် သုံး
ဗီဇာသက်တမ်း သုံးလ တိုးပေးသွားမယ်လို့ ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီက မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာလှည့်ခရီးသွားများ အပါအဝင် မတ်လမှ ဇွန်လ အထိ အချိန်ကာလအတွင်း နေထိုင်ခွင့် သက်တမ်းကုန်ဆုံးမဲ့ နိုင်ငံခြားသားတွေကို အေဂျင်စီက ဗီဇာသက်တမ်း သုံးလ တိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ Corona Virus ကူးစက်ပြန့်ပွားနေစဉ်အတွင်း အချိန်ကာလတို နေထိုင်သူတွေ အပါအဝင် ကမ္ဘာအနှံ့ ပိုပြီးတင်းကျပ်တဲ့နယ်စပ်ထိန်းချုပ်မှုတွေ ကြောင့် နေရပ်ကို မပြန်နိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ ဂျပန်နိုင်ငံမှာ ပြည့်နှက်လာခဲ့ပြီးနောက်မှာတော့ အခုလို နေထိုင်ခွင့်သက်တမ်းတိုးစီမံချက်ကို လူဝင်မှု ကြီးကြပ်ရေးကောင်တာတွေ က ဂျပန်အစိုးရကစတင်ဆောင်ရွက်ခဲ့ရပါတယ်။
မေလ အကုန်အထိ တိုးချဲ့လိုက်ရတဲ့ ဂျပန်နိုင်ငံရဲ့ အရေးပေါ်အခြေအနေ နဲ့ အတူဇူလိုင်လမှာ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးမဲ့ သူတွေ အထိ ဗီဇာသက်တမ်းတိုးပေးတဲ့အထဲ ထည့်သွင်း ခဲ့တာပဲဖြစ်ပါတယ်။နေရပ် မပြန်နိုင်တဲ့ နိုင်ငံခြားသားတွေကို ဗီဇာသက်တမ်းကုန်ဆုံးပြီး သုံးလအချိန်သက်တမ်းအထိ နေထိုင်လျက်ရှိတဲ့နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးက တရားမဝင်နေထိုင်သူများအဖြစ် သတ်မှတ် အရေးယူသွားမှာ မဟုတ်ဘူးလို့သိရပါတယ်။
SOURCE – Japan Today