မိုးကြီးဒေသတွင်းရှိ နိုင်ငံခြားသားများအတွက် သတင်းအချက် အလက်ဖြန့်ချိဝန်ဆောင်မှု

July 7, 2020 at 6:25 PM

အခုသတင်းကတော့ ဂျပန်မှာရှိတဲ့ နိုင်ငံခြားသားတွေအတွက် ဖြစ်ပါတယ်။

စံချိန်တင်မိုးရွာသွန်းမှုတွေဖြစ်နေခဲ့တဲ့ ကျူးရှူးဒေသတွင်းရှိ ခရိုင်တွေဟာ ဂျပန်ကိုအလည်အပတ်ရောက်နေတဲ့ နိုင်ငံခြားသားတွေ ဒါမှမဟုတ် ဂျပန်မှာနေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေအတွက် အတိုင်ပင်ခံတဲ့ဝန်ဆောင်မှုတွေကို ပေးနေပါတယ်။
ဖူကုအိုကား(Fukuoka) ခရိုင်မှာဆိုရင် Fukuoka Multilingual Assistance and Information Center ဟာ အင်္ဂလိပ် ၊ တရုတ် ၊ ကိုရီးယား ၊ ဗီယက်နမ် ၊ နီပေါ ၊ အင်ဒိုနီးရှား ၊ တာဂါလော့ ၊ ထိုင်း ၊ မလေး ၊ စပိန် ၊ ပြင်သစ် ၊ ဂျာမန် ၊ အီတလီ၊ ရုရှား ၊ ပေါ်တူဂီ၊ မြန်မာ ၊ ခမာ ၊ မွန်ဂို ဘာသာစကား ၁၈ မျိုးနဲ့ တယ်လီဖုန်းကနေ တိုင်ပင်လို့ ရပါတယ်။
အဲဒီဝန်ဆောင်မှုကို နှစ်သစ်ကူးအားလပ်ရက်တွေကလွဲပြီး နေ့စဉ် မနက် ၁၀ နာရီကနေ ည ၇ နာရီအထိ ပေးနေပါတယ်။ ဆက်သွယ်နိုင်တဲ့ တယ်လီဖုန်းနံပါတ်က ၀၁၂၀ ၂၇၉ ၉၀၆ ဖြစ်ပါတယ်။
စာဂ(Saga) ခရိုင်မှာဆိုရင် Center for Multicultural Society in Saga က ဘာသာစကား ၁၉ မျိုးနဲ့ ဝန်ဆောင်မှုတွေကို ပေးနေ ပါတယ်။ အင်္ဂလိပ် ၊ ပြင်သစ် ၊ တရုတ် ၊ ရုရှား ၊ ကိုရီးယား ၊ အီတလီ ၊ ဗီယက်နမ် ၊ ဂျာမန် ၊ ထိုင်း ၊ မလေး ၊ တာဂါလော့ ၊ ခမာ ၊ နီပေါ ၊ မွန်ဂို ၊ မြန်မာ ၊ ပေါ်တူဂီ ၊ အင်ဒိုနီးရှား ၊ စပိန် နဲ့ ဆင်ဟာလီ ဘာသာစကား တွေဖြစ်ပါတယ်။
ရုံးပိတ်ရက်တွေနဲ့ နှစ်သစ်ကူးအားလပ်ရက်တွေကလွဲပြီး ရုံးဖွင့်ရက်တွေမှာ မနက် ၉ နာရီ ကနေ ညနေ ၄ နာရီအထိ ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။ တယ်လီဖုန်းနံပါတ်ကတော့ ၀၉၅၂ ၂၂ ၇၈၃၀ ဖြစ်ပါတယ်။
Nagasaki Prefecture Consultation Center for Foreign People ကလည်း ဘာသာစကား ၁၈ မျိုးနဲ့ အတိုင်ပင်ခံ ဝန်ဆောင်မှု ပေးနေပါတယ်။ အင်္ဂလိပ် ၊ တရုတ် ၊ ကိုရီးယား ၊ ထိုင်း ၊ ဗီယက်နမ် ၊ မလေး ၊ အင်ဒိုနီးရှား ၊ တာဂါလော့ ၊ နီပေါ ၊ ပေါ်တူဂီ ၊ စပိန် ၊ ပြင်သစ် ၊ ရုရှား ၊ ဂျာမန် ၊ အီတလီ ၊ မြန်မာ ၊ ခမာ ၊ မွန်ဂို ဘာသာစကားတို့ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ၊ အားလပ်ရက်တွေနဲ့ နှစ်သစ်ကူးကာလကလွဲပြီး မနက် ၉ နာရီ ကနေ ညနေ ၅ နာရီ အထိ ဖုန်းဆက်နိုင်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၉၅ ၈၂၀ ၃၃၇၇ ဖြစ်ပါတယ်။
ခူမာ့မိုတို ခရိုင်မှာဆိုရင် Kumamoto Support Center for Foreign Residents က ဘာသာစကား ၁၈ မျိုးနဲ့ တယ်လီဖုန်း ဝန်ဆောင်မှုပေးနေပါတယ်။ အင်္ဂလိပ် ၊ တရုတ် ၊ ကိုရီးယား ၊ ဗီယက်နမ် ၊ နီပေါ ၊ အင်ဒိုနီးရှား ၊ တာဂါလော့ ၊ ထိုင်း ၊ ပေါ်တူဂီ၊ စပိန် ၊ မလေး ၊ ပြင်သစ် ၊ ရုရှား ၊ ဂျာမဏီ ၊ အီတလီ ၊ မြန်မာ ၊ ခမာ ၊ မွန်ဂို ဘာသာစကားတို့ ဖြစ်ပါတယ်။ အဲဒီဝန်ဆောင်မှုကို အားလပ်ရက်တွေနဲ့ နှစ်သစ်ကူးကာလကလွဲပြီး ရုံးဖွင့်ရက်တွေ မှာ မနက် ၈ နာရီ ခွဲ ကနေ နေ့လယ် ၃ နာရီ ၁၅ မိနစ်အထိ ပေးနေပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၈၀ ၄၂၇၅ ၄၄၈၉ ဖြစ်ပါတယ်။

Tags: