၂၀၁၁ ဖူကုရှီမ အမှတ် (၁) ဓာတ်အားပေးစက်ရုံ နျူကလီးယား မတော်တဆမှုဆိုင်ရာ တွေ့ရှိချက် အသစ်များ

January 28, 2021 at 8:33 AM

ဟီရိုရှီးမား ငြိမ်းချမ်းရေး အထိမ်းအမှတ် အဆောက်အအုံ အတွက် လုပ်ဆောင်နေတဲ့ ထိန်းသိမ်းရေးလုပ်ငန်းကို ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေဆီ ပြသခဲ့ပါတယ်။

အဲဒီ အဆောက်အအုံကို Atomic Bomb Dome လို့လည်း လူသိများပါတယ်။ ဟီရိုရှီးမားမြို့မှာ ရှိတဲ့ အဲဒီ အဆောက်အအုံဟာ ၁၉၄၅ ခုနှစ်မှာ အမေရိကန်က အဏုမြူဗုံးကြဲပြီးနောက်မှာ ကျန်ရစ်ခဲ့တဲ့ အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။
ကွဲအက်မှုတွေကို ပြင်ဆင်ရေးနဲ့ ဆေးရောင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလက စတင်ခဲ့ပါတယ်။ အဲဒီ အဆောက်အအုံကို လွန်ခဲ့တဲ့ နှစ် ၁၀၀ကျော် ၁၉၁၅ခုနှစ်က ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ အဆောက်အအုံရဲ့ အပေါ်ဆုံးအထိ သွားလို့ရအောင် အဆောက်အအုံ ပတ်လည်မှာ ငြမ်းတွေ ဆင်ထားပါတယ်။
အဆောက်အအုံရဲ့ သံမဏိဘောင်တွေကို အညိုရင့်ရောင် ဖြစ်အောင် ပြန်လည် ဆေးသုတ်ထားပါတယ်။ အဏုမြူဗုံးကြဲခံရပြီးနောက်ပိုင်း အမေရိကန် စစ်တပ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး အဲဒီ အရောင်ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဟီရိုရှီးမားမြို့ အရာရှိတွေက ဆိုပါတယ်။

ဖူကုရှီမ အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မတော်တဆမှု ဖြစ်ပွားတာ ၁၀နှစ်မပြည့်မီ အဲဒီ စက်ရုံက ညစ်ညမ်းမှု အခြေအနေနဲ့ ပတ်သက်ပြီး တွေ့ရှိချက် အသစ်တွေကို ဂျပန် နျူကလီးယား ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ မတော်တဆမှုမှာ ဓာတ်ပေါင်းဖို နံပါတ် (၁)၊ (၂) နဲ့ (၃) တို့မှာ နျူကလီးယား အရည်ပျော်မှု ဖြစ်ခဲ့ပါတယ်။ ဓာတ်ပေါင်းဖို နံပါတ် (၁)၊ (၃) နဲ့ (၄) ရှိတဲ့ အဆောက်အအုံတွေမှာ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ အဆောက်အအုံတွေမှာ ရေဒီယိုသတ္တိကြွမှုအဆင့် လျော့ကျလာတဲ့အတွက် ဂျပန် နျူကလီးယား ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က အဲဒီ မတော်တဆမှုနဲ့ နောက်ဆက်တွဲ ပြဿနာတွေအပေါ် စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပါတယ်။
စက်ရုံအလုပ်သမားတွေဟာ အဲဒီအချိန်တုန်းက ဓာတ်ပေါင်းဖို နံပါတ် (၁) နဲ့ နံပါတ် (၃) ရဲ့ ထိန်းချုပ်ရေးအကန့်တွေကို ဖွင့်ခဲ့တယ်လို့ နျူကလီးယား ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ရဲ့ စာမျက်နှာ ၃၂၆ မျက်နှာ ရှိတဲ့ အစီရင်ခံစာ မူကြမ်းမှာ ဖော်ပြထားပါတယ်။ အဲဒါကြောင့် တချို့ဓာတ်ငွေ့တွေဟာ လမ်းကြောင်းမှားပြီး ထွက်သွားခဲ့တယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။
ဒါကြောင့်မို့လို့ ဓာတ်ပေါင်းဖိုရှိတဲ့ အဆောက်အအုံတွေမှာ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ ကျန်ရှိနေနိုင်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ ပေါက်ကွဲမှုတွေအကြား ဆက်စပ်မှု ရှိနိုင်တယ်လို့လည်း အဲဒီ အစီရင်ခံစာမှာ အရိပ်အမြွက် ပြောဆိုထားပါတယ်။
ဓာတ်ပေါင်းဖို နံပါတ် (၂) နဲ့ (၃) က ထိန်းချုပ်ရေး အကန့်တွေအပေါ်က စက်ယန္တရားတွေမှာ ပမာဏ များပြားတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတွေမှာ နျူကလီးယား အရည်ပျော်မှု ဖြစ်ပြီးနောက် ရေဒီယိုသတ္တိကြွပစ္စည်း ယိုစိမ့်တဲ့ လမ်းကြောင်းနဲ့ အဲဒီ ပစ္စည်းတွေ စုစည်းခဲ့တဲ့ နေရာတွေနဲ့ ပတ်သက်ပြီးတော့ အပြည့်အဝ မသိရသေးပါဘူး။

SOURCE – Japan Today

Tags: