ဒီဇင်ဘာလ(၂၈)ရက်မှ ဇန်နဝါရီလ(၂)ရက်အထိ ၆ ရက် ကြာရပ်နားထားမည့် Ginza ရထားလိုင်း

December 16, 2019 at 9:13 AM
Source: timeout.com

ဂျပန်နိုင်ငံ ၏ ဖွံဖြိုးတိုးတက်ရေး Project အရ Shibuya ဘူတာနှင့် အနီးတစ်ဝှက်ရှိနေရာများ ၊ Ginza ရထားလိုင်း platform နှင့် ရထားသံလမ်းများကို ဒီဇိုင်းပုံစံအသစ်ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ပါသည်။

Ginza ဘူတာမှ မီတာ (၁၃၀) အကွာ Omotesando ဘူတာ ဧရိယာ အတွင်းပြန်လည်ပြောင်းရွှေ့ပြုလုပ်သွားမည်ဖြစ်ပြီး New Year ရုံးပိတ်ရက်အပြီးတွင်ပြန်လည်အသုံးပြုနိုင်ရန်အတွက် Ginza ရထားလိုင်းအား ၂၀၁၉ခုနှစ် ၊ ဒီဇင်ဘာလ(၂၈)ရက်၊ စနေနေ့ မှ ၂၀၂၀ခုနှစ် ၊ဇန်နဝါရီလ(၂)ရက် ၊ ကြာသပတေးနေ့ အထိ ၆ ရက် ကြာရပ်နားထားမည်ဖြစ်ပါသည်။

Source: timeout.com

ထိုကဲ့သို့ ရပ်နားမှုကြောင့် Ginza ရထားလိုင်းသည် Shibuya မှ OmotesandoAoyama-ichome မှ Tameike-sanno ကြားရှိရထားလမ်းကြောင်းများပြေးဆွဲမည်မဟုတ်သော်လည်း Omotesando မှ Aoyama-ichomeTameike-sannno မှ Asakusa အထိဆက်လက်ပြေးဆွဲနေမည်ဖြစ်ပါသည်။

ရပ်နားထားသည့် Ginza ရထားလိုင်းများအား ၂၀၂၀ခုနှစ် ၊ ဇန်နဝါရီလ(၃)ရက်နေ့မှစ၍ ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ပြီး ပိုမိုကျယ်ဝန်းသော platform များနှင့် လုံခြုံစိတ်ချရသော တံခါးများ ကို လည်း မြင်တွေ့ရမည် ဖြစ်ပါသည်။