စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းထားသော်လည်း DIET အစည်းအဝေးများကို ဂျပန်အစိုးရ ပုံမှန်အတိုင်း ဆက်လက်ပြုလုပ်လျက်ရှိ

တိုကျိုမြို့နေပြည်သူလူထုအား နေအိမ်မှ အလုပ်လုပ်ရန် တိုကျိုမြို့တော် ဝန် ယူရီကို ကိုအိကီက တိုက်ခဲ့ပြီး COVID-19 ဗိုင်းရပ်စ် ပိုး အလျင်အမြန် ပြန့်ပွားလာခြင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာရန် ဂျပန်နိုင်ငံ တဖြည်းဖြည်း နီးစပ်လာဖွယ်ရှိသော်လည်း အစိုးရက လက်ရှိအချိန်အထိ စီးပွားရေးလုပ်ငန်းများကို ပုံမှန်အတိုင်း လည်ပတ် သွားနိုင်ရန် ထိန်းသိမ်းသွားဖွယ်ရှိသည်။

သို့သော် ကိုရိုနာရောဂါ ပြန့်ပွားမှု မှ ကာကွယ်ရန် လေဝင်လေထွက် မကောင်းသော နေရာ၊ လူနေထူထပ်သည့် နေရာများ နှင့် နီးကပ်စွာ စကားပြောဆိုခြင်း ဟူသည့် သုံးချက် ကို ဆန့်ကျင်ပြီး အစိုးရ အဆောက်အအုံများကို အရေးကြီးသော ဆုံးဖြတ်ချက်များ ချရန် ဂျပန်အစိုးရက ဆက်လက် အသုံးပြုလျက်ရှိသည်။

REUTERS/Issei Kato

COVID-19 ရောဂါဖြစ်ပေါ်စေသော ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ရပ်တန့်ရန် အစိုးရက ကြိုးပမ်းရာတွင် အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစည်းအဝေးများတွင် ဝန်ကြီးအဖွဲ့ဝင်များ အတူတကွ နီးကပ်စွာ ထိုင်ကာ ပြုလုပ်ခဲ့ခြင်းကြောင့် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှု များ ကြုံတွေ့ခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရက ယခု သီတင်းပတ် အစောပိုင်းတွင် စတင်ပြီး Social Distancing ပြုလုပ်ကာ အစည်းအဝေးများကို စတင်ခဲ့သည်။

မတ်လ ၃၁ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ် တာရို အာဆိုအား ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစည်းအဝေး တွင် ပါဝင်တက်ရောက်နိုင်ခြင်းမရှိကြောင်း ဝန်ကြီးချုပ်အာဘေးက ထုတ်ပြန်ပြောကြား ခဲ့သည်။ အဆိုပါ ထုတ်ပြန်ပြောကြားချက်ကြောင့် အစိုးရအဖွဲ့ဝင် အချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီဖြစ်ကြောင်း စိုးရိမ်မှု များ မြင့်တက်ခဲ့သည်။

DIET အဆောက်အဦး သည် လေအေးပေးစက်များမှတဆင့် လေဝင်လေထွက် ကောင်းမွန်အောင် လုပ်ဆောင်ထားပြီး ရောဂါဖြစ်ပွားရန် အန္တရာယ်ရှိသော နေရာအဖြစ် သတ်မှတ်ခံရနိုင်ဖွယ်မရှိကြောင်း စည်းမျဉ်းစည်းကမ်းနှင့် အုပ်ချုပ်ရေး အောက် လွှတ်တော် ကော်မတီဝင်များက ရှင်းလင်းပြောကြားခဲ့သည်။

ဂျပန်အစိုးရက အရေးပေါ် အခြေအနေ ကြေငြာချက်ထုတ်ပြန်ခဲ့လျှင်တောင် DIET အစည်းအဝေးကို ဆိုင်းငံ့ထားဖွယ် မရှိကြောင်း ဥပဒေပြုအမတ်များက ပြောသည်။ လာမည့် သီတင်းပတ် အတွင်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ စီးပွားရေး ကယ်ဆယ်မှုလုပ်ငန်းစဉ် ကို ရန်ပုံငွေ ထောက်ပံ့ပေးမည့် ၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက် အသုံးစရိတ် အဆိုပြုလွှာ အား DIET တွင် တင်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။

SOURCE – Japantimes .co.jp

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်