ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းအတွက် တိုကျို အုပ်ချုပ်ရေးမှူး ဂျပန်အစိုးရထံ အကူအညီ တောင်း

ဖြစ်လာနိုင်ခြေရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်း မတိုင်မီ မြို့တော်ရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ်ကို ပိုမို တိုးချဲ့ဖို့အတွက် ဂျပန်အစိုးရကို တိုကျို အုပ်ချုပ်ရေးမှူးက အကူအညီ တောင်းခံခဲ့ပါတယ်။
တိုကျိုအုပ်ချုပ်ရေးမှူး Koike Yuriko ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ တာဝန်ယူထားတဲ့ စီးပွားရေး ပြန်လည်အားကောင်းလာစေရေး ဆိုင်ရာ ဝန်ကြီး Nishimura Yasutoshi နဲ့ မေလ ၂၂ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။
ဂျပန်အစိုးရဟာ အရေးပေါ်အခြေအနေ ကြေညာချက်ကို မေလ ၁ မှာ ရုပ်သိမ်းမလား မရုပ်သိမ်းဘူးလား ဆိုတာကို စဉ်းစားနေပါတယ်။ အဲဒီကြေညာချက်ကို မူလက အနည်းဆုံး မေလ ၃၁ ရက်‌နေ့အထိ ထားရှိဖို့ စီစဉ်ထားခဲ့ပါတယ်။ အဲဒီ အရေးပေါ်ကြေညာချက်ကို ဂျပန်နိုင်ငံတွင်း နေရာအများစုမှာ ရုပ်သိမ်းလိုက်ပြီ ဖြစ်ပေမဲ့လည်း တိုကျိုနဲ့ ဂျပန်နိုင်ငံမြောက်ပိုင်းက Hokaido ခရိုင် အပါအဝင် ခရိုင် ၅ ခုမှာတော့ ဆက်လက် အသက်ဝင်နေဆဲ ဖြစ်ပါတယ်။
မျှော်လင့်ထားတဲ့ ရုပ်သိမ်းမှု မတိုင်မီ ပြင်ဆင်မှုတွေ ကို တိုကျိုအုပ်ချုပ်ရေးမှူး Koike Yuriko က လုပ်ဆောင်နေပါတယ်။ PCR စမ်းသပ်မှု စွမ်းရည် မြှင့်တင်ရေးအပါအဝင် ဆေးဘက်ဆိုင်ရာ ပြင်ဆင်မှုတွေ တိုးတက်လာစေဖို့ တိုကျိုအုပ်ချုပ်ရေးအဖွဲ့ကို အကူအညီ ပေးပါလို့ Nishimura Yasutoshi ကို Koike Yuriko က တောင်းဆိုခဲ့ပါတယ်။
အဲဒါအပြင် ဂျပန်အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်း ပိုင်ရှင်တွေကို ငှားရမ်းခအတွက် ထောက်ပံ့တာလိုမျိုး စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုတွေကို တိုးမြှင့် လုပ်ဆောင်ဖို့ကိုလည်း တိုကျိုအုပ်ချုပ်ရေးမှူးက တိုက်တွန်းခဲ့ ပါတယ်။
SOURCE- Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်