ကိုဗစ်-19 ကာကွယ်ဆေး အမြန်ဆုံးတီထွင်ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ ဂျပန်

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး တွေကို အချိန်တိုအတွင်း အမြန်ဆုံး အသုံးပြု နိုင်ဖို့ရည်ရွယ်ပြီး အစီအစဉ် ချမှတ်ဆောင်ရွက်နေပါတယ်။ ရောဂါပိုး ကာကွယ်ဆေး ကို သုတေသန၊ တီထွင်မှုနဲ့ ထုတ်လုပ်မှုတွေကို တစ်ပြိုင်တည်း လုပ်ခြင်းအားဖြင့် လုပ်ငန်းစဉ်တစ်ရပ်လုံးကို အရှိန်မြင့်ဆောင်ရွက်နိုင်ဖို့ လမ်းကြောင်း ရှာတဲ့ အစီအစဉ်ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဟာ အဆိုပြုထားတဲ့ လက်ရှိ ဘဏ္ဍာရေးနှစ်ရဲ့ ဒုတိယ အကြိမ် ထပ်တိုး ဘတ်ဂျက်မူကြမ်းမှာ အမေရိကန်ဒေါ်လာ ၄၅၅ သန်းလောက်ကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး တီထွင်ရာမှာပါဝင်တဲ့ ဌာနတွေ အဖွဲ့အစည်း တွေအတွက် ထောက်ပံ့ငွေအဖြစ် လျာထားသတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ကာကွယ်ဆေးထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးထောက်ပံ့တဲ့ နေရာမှာလည်း ဒေါ်လာ ၁.၃ ဘီလီယံကို ထပ်ဆောင်း ဘတ်ဂျက်ငွေ အဖြစ် လျာထားကြောင်း သိရပါတယ်။
ပုံမှန်အားဖြင့် ကာကွယ်ဆေးတစ်မျိုးကို တီထွင်ဖို့နဲ့ လုံလောက်အောင် အမြောက်အမြားထုတ်လုပ်နိုင်ဖို့ဆိုတာ နှစ်အနည်းငယ် အချိန် ယူလေ့ ရှိပါတယ်။
ဒါပေမဲ့ အခုတစ်ခေါက် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက် သိသိသာသာ အချိန်လျှော့ချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန အရာရှိတွေက ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေက လာမယ့်နှစ်ရဲ့ ပထမနှစ်ဝက် အတွင်းမှာ ပြည်သူတွေကို ကာကွယ်ဆေး စထိုးပေးနိုင်ဖို့ သူတို့ရည်မှန်းထားကြောင်း အာဏာရပါတီတွေကို ပြောခဲ့ပါတယ်။
အဲဒီ အချိန်မှာ ဖြစ်လာဖို့အတွက် ကာကွယ်ဆေးထုတ်တဲ့ စနစ်တွေ တည်ဆောက်ရာမှာ ကူညီထောက်ပံ့ပေးဖို့နဲ့ ကာကွယ်ဆေး အသုံးပြုခွင့်ကို အမြန်ဆုံး အသိအမှတ်ပြုဖို့ သူတို့ က စီစဉ်နေ ပါတယ်။
SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်