ဂျပန်အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုအစီအစဉ်မေလမှာ စတင်မယ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် ဝင်ငွေကျဆင်းနေတဲ့ ဒဏ်ခံနေရတဲ့ အိမ်ထောင်စုတွေကို အစိုးရက ငွေကြေးထောက်ပံ့မှု မေလမှာ စတင်ဖို့ ရည်ရွယ်ထားတယ်လို့ ကိုရိုနာဗိုင်းရပ်စ် အရေးဆိုင်ရာ ကိုယ်တွယ် ဆောင်ရွက်မှုတာဝန်ခံ ဂျပန်ဝန်ကြီးတစ်ဦးက ပြောလိုက်ပါတယ်။

စီးပွားရေး ပြန်လည်ထူထောင်ရေးဝန်ကြီး မစ္စတာ နီရှိမူရ ယာစုတိုးရှိ (Nishimura Yasutoshi) က အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီ အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

SOURCE – Reuters

ဖေဖော်ဝါရီလကနေ ဇွန်လအတွင်း တစ်လဝင်ငွေဟာ သတ်မှတ်ထားတဲ့ ပမာဏ တစ်ခုထိ ကျဆင်းခဲ့တဲ့ အိမ်ထောင်စုတစ်စုစီကို အမေရိကန်ဒေါ်လာ ၂၈၀၀ လောက် ထောက်ပံ့ပေးသွားမယ်လို့ အစိုးရက စောစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မစ္စတာ ယိုရှီဟိဒဲ စုဂါ (Yoshihide Suga) က အဲဒီ ငွေကြေးထောက်ပံ့ပေးမယ့် အစီအစဉ် အသေးစိတ်ကို ပြည်ထဲရေး ဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အိမ်ထောင်စု တစ်စုစီက အိမ်ထောင်ဦးစီးတွေရဲ့ ဝင်ငွေလျော့ကျမှု အတိုင်းအတာပေါ် အခြေခံထားတဲ့ မူနဲ့ ထောက်ပံ့ငွေ ရရှိနိုင်ဖို့အတွက် အဲဒီ စီမံချက်ကို ရိုးရိုးရှင်းရှင်းဖြစ်အောင် အာဏာပိုင်တွေက စီစဉ်နေတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒါပေမဲ့ စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အိမ်ထောင်စု တစ်ခုချင်းစီရဲ့ အခြေအနေတွေကို အစိုးရက ထည့်သွင်းစဉ်စားသွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

SOURCE – REUTERS

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်