ဗိုင်းရပ်စ်ကူးစက်သည့်လမ်းကြောင်းကို ခြေရာခံတဲ့ အပလီကေးရှင်း အစိုးရက စသုံးနိုင်ဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ် ကူးစက်ခံထားရသူတွေနဲ့ ထိတွေ့ ဆက်ဆံ မိသူတွေကို အာဏာပိုင်တွေက အလျင်အမြန်ဖော်ထုတ်နိုင်မယ့် စမတ်ဖုန်း အပလီကေးရှင်းတစ်ခုကို သုံးစွဲဖို့ ဂျပန်အစိုးရက စဉ်းစားနေပါတယ်။

ဒီအပလီကေးရှင်းဟာ စင်္ကာပူနိုင်ငံမှာ တီထွင်ပြီး အသုံးပြုခဲ့တာနဲ့ အလားတူ ဖြစ်လာ ပါလိမ့်မယ်။ ဒီအပလီကေးရှင်းကို ဒေါင်းလုဒ် ရယူထားတဲ့ စမတ်ဖုန်းအသုံးပြုသူတွေက လူတစ်ယောက်ရဲ့ အနီးမှာရှိရင် သူ့ရဲ့လက်ကိုင်ဖုန်းက အနားက သူတွေရဲ့ ဖုန်းနံပါတ်တွေကို လက်ခံရရှိ မှာဖြစ်ပြီး အဲဒီနံပါတ် တွေကို အီလက်ထရောနစ် ကုဒ်ပုံစံနဲ့ မှတ်တမ်းယူထားမှာ ဖြစ်ပါတယ်။

ဒီအပလီကေးရှင်းသုံးစွဲသူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဖြစ်လာမယ် ဆိုရင် အာဏာပိုင်တွေက သူတို့တွေနဲ့ အနီးကပ် ရှိခဲ့တဲ့သူတွေကို မှတ်တမ်းယူထား တဲ့ အီလက်ထရောနစ် ကုဒ် တွေကနေ တဆင့် ဘယ်သူလဲဆိုတာ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။
ပုဂ္ဂလိက ဂျပန်အဖွဲ့အစည်းတစ်ခုက ဒီအပလီကေးရှင်း ကို ကိုယ်ပိုင်ပုံစံနဲ့ တီထွင် ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။
ဂျပန်အစိုးရက ဒီ နည်းပညာရဲ့ အရည်အသွေး ကို အတည်ပြုဖို့ စမ်းသပ် မှုတွေ လုပ်နိုင်အောင် စီစဉ်နေပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် တွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ ကိစ္စမျိုးတွေ ရှိတဲ့အတွက် လူတွေကို မှတ်တမ်းတင် ခွဲခြားထုတ်ဖော်တဲ့ စနစ်ကို ဘယ်လို သုံးမလဲ ဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ သတိထားရပါလိမ့်မယ်။
အစိုးရအနေနဲ့ ဒီစီမံကိန်းကို ဖြစ်နိုင်သမျှ မြန်မြန် စတင်သုံးစွဲချင်တယ်လို့ သတင်းနဲ့ နည်းပညာ မူဝါဒရေးရာဝန်ကြီး တာကဲမိုတို နာအိုခါဇု (Takemoto Naokazu) က ပြောပါတယ်။
ဒါပေမဲ့ ဒီ အပလီကေးရှင်းကို သုံးစွဲသူ ကျယ်ကျယ်ပြန့်ပြန့် မရှိဘူးဆိုရင် မျှော်လင့်ထားသလောက်ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့လည်း အဲဒီဝန်ကြီးက ဆိုပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ ဒီ ခြေရာခံတဲ့စနစ်နဲ့ ပတ်သက်လို့ လူတွေ ဘယ်လို ခံစားရမယ်ဆိုတာကို ထည့်သွင်းစဉ်းစားပေးရမယ့် အချက်ရှိတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်