ငွေကြေးခက်ခဲနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ထောက်ပံ့ဖို့ စီစဉ်နေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကြောင့် ငွေရေးကြေးရေး အခက်အခဲ ရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေကို ဂျပန်အစိုးရက ငွေသား ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားတာကြောင့် အချိန်ပိုင်းအလုပ်တွေကနေ ရတဲ့ ဝင်ငွေ ကျဆင်းနေတဲ့ ကျောင်းသူ ကျောင်းသားတွေကို ဂျပန် ယန်းငွေ ၁၀၀၀၀၀ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၉၃၀ လောက် ထောက်ပံ့ပေး သွားဖို့ အင်္ဂါနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ အစိုးရအဖွဲ့က သဘောတူခဲ့ပါတယ်။
ဝင်ငွေ နည်းပါးတဲ့ အိမ်ထောင်စုတွေက ကျောင်းသူ ကျောင်းသားတွေဟာ ထောက်ပံ့ငွေ အများဆုံး ယန်း ၂၀၀၀၀၀ အထိ ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။
တက္ကသိုလ်တွေ၊ ဘွဲ့လွန်ကျောင်းတွေ၊ အသက်မွေးဝမ်းကျောင်း ၊ အတတ်ပညာသင်ကျောင်းတွေ၊ ဂျပန်ဘာသာစကား သင်တန်း ကျောင်းတွေနဲ့ တခြားကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ၄၃၀၀၀၀ လောက်ကို ပေးဖို့ ရည်ရွယ်ထား တဲ့ အစီအစဉ် ဖြစ်ပါတယ်။
ဂျပန်ကျောင်းသားရေးရာအဖွဲ့အစည်း (Japan Student Services Organization) က တစ်ဆင့် ဒီ ထောက်ပံ့ငွေကို မပေးခင်မှာ ကျောင်းသူ ကျောင်းသားတွေရဲ့ ဘဏ္ဍာရေးအခြေအနေကို သူတို့ရဲ့ ကျောင်းတွေက အတည်ပြုပေးရမှာဖြစ်ပါတယ်။
ဒီအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက် ကုန်ကျမယ်လို့ ယူဆထားပြီး လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် ထပ်ဆောင်းဘတ်ဂျက် ထဲက သီးသန့် ရန်ပုံငွေကို အသုံးပြုဖွယ် ရှိပါတယ်။
ကျောင်းသူ ကျောင်းသားတွေကို ပေးတဲ့ အခုထောက်ပံ့ငွေဟာ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရသူတိုင်းအတွက် အစိုးရက ပေးတဲ့ ယန်း ၁၀၀၀၀၀ အပြင် ထပ်ဆောင်းပေးတာ ဖြစ်ပြီး ကပ်ရောဂါရဲ့ ဂယက်ကို ခံစားရမှု သက်သာရာ ရအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။

SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်