ဂျပန်အစိုးရမှ အလုပ်လက်မဲ့များအား ထောက်ပံ့ပေးသွားမည့် program အသစ်အားစတင်ရေးဆွဲ။

April 6, 2020 at 9:45 AM

လက်တလော ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြစ်ပွားနေသော Convid-19 ကပ်ရောဂါ ကြောင့်ဂျပန်နိုင်ငံရဲ့စီးပွါးရေးအခြေအနေဟာလည်းကျဆင်းလျက်ရှိပြီး ရှေ့လျှောက်အခက်အခဲများစွာ ကြုံတွေ့ရနိုင်ကြောင်း ဂျပန်နိုင်ငံအစိုးရ တာဝန်ရှိသူများက ခန့်မှန်းထားကြပါတယ်။ ထိုကဲ့သို့ စီးပွါးရေးဂရက်အခက်အခဲများကြောင့် တိုးပွါးလာသောအလုပ်လက်မဲ့များနှင့် အိမ်ခြေမဲ့များကို ကူညီနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ program အသစ်တစ်ခုကိုစတင်ရေးဆွဲခဲ့ကြပါတယ်။

Source : NHK

လွန်ခဲ့တဲ့(၂)လအတွင်း Covid-19 ကပ်ရောဂါကြောင့် အလုပ်သမား(၁၂၀၀)ဦးဟာ အလုပ်လက်မဲ့ဖြစ်သွားသည့် အခြေအနေသို့ ရောက်ရှိခဲ့ရကြောင်း အလုပ်သမားဝန်ကြီးဌာနမှပြောကြားခဲ့ပါတယ်။ ထိုအလုပ်လက်မဲ့များအတွက် အကူအညီများပေးနိုင်မည့် centerများကို TokyoOsaka နှင့် အခြားနေရာများတွင်လည်း ပြုလုပ်ထားရှိသွားမှာဖြစ်ပြီး ထိုသူများအား အလုပ်အကိုင်နှင့်နေထိုင်ရန် အိုးအိမ်အဆောက်အအုံများကူညီရှာဖွေပေးနိုင်ရန် အထူးအကြံပေးပုဂ္ဂိုလ်များအားလည်း ထားရှိပေးသွားမှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

ထိုအထူးအကြံပေး ပုဂ္ဂိုလ်များမှ လူမှုဖူလုံရေးငွေကြေးထောက်ပံ့မှုများရရှိနိုင်ရန်နှင့် အခြားသော လိုအပ်တဲ့ကိစ္စများနှင့်ပတ်သက်ပြီးအကြံဥာဏ်များပေးကာ ကူညီသွားမှာဖြစ်ပါတယ်။ ထို program အသစ်ကို စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရမှလည်း budget များကိုကြိုတင်ပြင်ဆင်ထားလျက် ရှိပါတယ်။ ကမ္ဘာစီးပွါးရေးကပ်ဆိုက်မှု စတင်ဖြစ်ပွါးသည့်အချိန်တွင်လည်း ထိုကဲ့သို့တူညီတဲ့ program ကို ဂျပန်အစိုးရမှ ရေးဆွဲခဲ့ဖူးသည်ဟုလည်းသိရပါတယ်။