စီးပွားရေးလုပ်ငန်း ပြန်စဖို့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ရေး အစိုးရ စီစဉ်

နိုင်ငံတစ်ဝန်းလုံးက ခရိုင်အားလုံးမှာ အရေးပေါ် အခြေအနေ ရုပ်သိမ်းပြီးတာနဲ့ တစ်ပြိုင်နက်တည်း လူမှုရေးနဲ့ စီးပွားရေးလှုပ်ရှားမှုတွေကို ဘယ်လို ပြန်စတင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ဖို့ ဂျပန်အစိုးရ စီစဉ်ရေးဆွဲလျက်ရှိတယ်လို့ ကိုရိုနာဗိုင်းရပ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးတာဝန်ခံ ဝန်ကြီး Nishimura Yasutoshi က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဓိက စီးပွားရေးလုပ်ငန်းများ အဖွဲ့အစည်းကြီး ၃ ခုရဲ့ အကြီးအကဲတွေနဲ့ မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ တယ်လီကွန်းဖရန့် အစည်းအဝေးမှာ စီးပွားရေး ပြန်လည်အားကောင်းလာစေရေး ဝန်ကြီး Nishimura Yasutoshi က ရေးဆွဲလျက်ရှိတဲ့ ဒီအစီအစဉ်ကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
အရေးပေါ် အခြေအနေကြေညာချက်ဟာ Tokyo နဲ့ အနီးတစ်ဝိုက် ဧရိယာနဲ့ နိုင်ငံ့မြောက်ပိုင်းက ဟော့ကိုင်းဒိုး ခရိုင်မှာ အကျုံးဝင်နေဆဲ ဖြစ်ပြီး နောက်သီတင်းပတ် တနင်္လာနေ့မှာ ရုပ်သိမ်းနိုင်ဖွယ်ရှိတယ်လို့ မစ္စတာ Nishimura က ပြောပါတယ်။
ဒါဟာ ရောဂါပိုး ကူးစက်မှုအရေအတွက် ဆက်လက်ကျဆင်းမှု ရှိ မရှိနဲ့ ဆေးကုသမှု ပေးနိုင်စွမ်း အနေအထား တိုးတက်မှု ရှိ မရှိ အပေါ်မှာ မူတည်တယ်လို့ သူက ပြောပါတယ်။
စီစဉ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ရေး လမ်းညွှန်ချက်တွေမှာ ပွဲတော်ကြီးတွေ၊ ခရိုင်တွေအကြား ကူးသန်းသွားလာတာနဲ့ ခရီးသွား လုပ်ငန်း အားပေးမြှင့်တင်ရေး လှုပ်ရှားမှုတွေကို ဘယ်လို ရှေ့ဆက် လုပ်ဆောင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြရမယ်လို့ ဝန်ကြီး Nishimura က ပြောပါတယ်။
အစိုးရအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့လောက်မှာ စီးပွားရေးကို လှုံ့ဆော်တဲ့ အစီအမံတွေကို ငွေကြေးထောက်ပံ့ဖို့ ဒုတိယ ထပ်ဆောင်းဘတ်ဂျတ် ရေးဆွဲဖို့ စီစဉ်နေပြီ ဖြစ်ကြောင်းနဲ့ လွှတ်တော်မှာ အမြန်ဆုံး အတည်ပြုနိုင်ရေး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဝန်ကြီး Nishimura က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ အလွန်အရေးကြီးတဲ့ လူမှု အသိုင်းအဝိုင်းပြောင်းလဲမှုအတွက် တွန်းအားတစ်ရပ် ဖြစ်လာသင့်တယ်လို့ လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်